အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ စစ်ကောင်စီကိုယ်စားလှယ်တို့ ဗီဒီယိုကွန်ဖရင့်ဖြင့် တွေ့ဆုံဖို့ သဘောတူ

မေ ၈၊ ၂၀၂၆
Zalen

ဖိလစ်ပိုင်နိုင်ငံ၊ စီဗူးမြို့မှာ ကျင်းပတဲ့ (၄၈) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာစစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးနဲ့ ဗီဒီယိုစနစ်ဖြင့် တွေ့ဆုံဆွေးနွေးဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက သဘောတူညီခဲ့ကြပါတယ်။

အဲဒီဆုံးဖြတ်ချက်ကို အာဆီယံအထွေထွေအတွင်းရေးမှူးချုပ် ဒေါက်တာ ကာအိုကင်ဟွန်က ဒီနေ့မှာ အတည်ပြု ပြောကြားခဲ့တာဖြစ်ပြီးတော့ နီးကပ်တဲ့ ကာလအတွင်းမှာ ထိတွေ့ဆက်ဆံမှုတွေ စတင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

Zalen ad

မြန်မာ့အရေးနှင့်ပတ်သက်၍ အဖွဲ့အတွင်း ဘုံသဘောထားခိုင်မာစေဖို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက အစပြုအကြံပြုခဲ့ခြင်းဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်နောက်ပိုင်း အဆင့်မြင့်အစည်းအဝေးတွေက ဘေးဖယ်ခံထားရတဲ့ မြန်မာနိုင်ငံအနေဖြင့် ပုံမှန်ဆက်ဆံရေးပြန်လည်ရရှိဖို့ ဆန္ဒပြလာမှုအပေါ် တုံ့ပြန်ဆောင်ရွက်ခြင်းဖြစ်ပါတယ်။

မြန်မာ့အရေးကိုင်တွယ်ဖို့ အာဆီယံအထူးကိုယ်စားလှယ်တစ်ဦးကို တစ်နှစ်ထက်မက သက်တမ်းတိုးမြှင့်တာဝန်ပေးနိုင်ရေးကိုလည်း ဆက်လက်ညှိနှိုင်းနေပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့လတွေက ရွေးကောက်ပွဲ ကျင်းပခဲ့ပြီး အာဏာသိမ်းခေါင်းဆောင်ဟောင်း ဦးမင်းအောင်လှိုင်က သမ္မတအဖြစ် တာဝန်ယူ၍ အစိုးရသစ်ဖွဲ့စည်းခဲ့ပေမယ့်လည်း အာဆီယံအနေနဲ့ အဲဒီရွေးကောက်ပွဲကို အသိအမှတ်ပြုတာ မရှိသေးပါဘူး။

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ မြန်မာ့အရေးနဲ့ပတ်သက်၍ ပဋိပက္ခတွေ လျှော့ချဖို့၊ သက်ဆိုင်သူအားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးဖို့၊ လူသားချင်းစာနာမှုအကူအညီတွေ အဟန့်အတားမဲ့ ပေးအပ်နိုင်ဖို့ တောင်းဆိုထားပါတယ်။

လက်ရှိမှာ မင်းအောင်လှိုင်ကို အာဆီယံထိပ်သီးအစည်းအဝေးကို ပြန်လည်တက်ရောက်ခွင့်ပေးဖို့ လုံလောက်သော အခြေအနေမရှိသေးဘူးလို့ အာဆီယံဘက်က သုံးသပ်ထားဆဲဖြစ်ပါတယ်။

ကိုးကား – The Straits Times

နောက်ဆုံးရသတင်းများ

တွန်းဇံမြို့နယ် ပြန်လည်ပတ်နိုင်ရေး ဇိုမီးပါတီနဲ့ ရပ်မိရပ်ဖတွေ ညှိနှိုင်းဆွေးနွေး

မေ ၂၅၊ ၂၀၂၆Zalen စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ တွန်းဇံမြို့ရှိ အစိုးရရုံးတွေ စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေအားလုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းစဉ်တွေကို ဆောင်ရွက်လျက်နေတယ်လို့ ဇိုမီးအမျိုးသားပါတီ (ZNP) က ထုတ်ပြန်ပါတယ်။ လက်ရှိ တွန်းဇံမြို့နယ်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်အဖြစ် ...

ဆက်ဖတ်ရန်