အိန္ဒိယ- မြန်မာနယ်စပ်မှာ မိုင် ၄၀ကျော် ခြံစည်းရိုးခတ်ဖို့ အိန္ဒိယ စီစဉ်နေ

အိန္ဒိယ-မြန်မာနယ်စပ်မှာ ကီလိုမီတာ ၇၀ခန့်၊ မိုင်ပေါင်း ၄၃မိုင် ကျော်ကို နယ်စပ် ခြံစည်းရိုးခတ်ဖို့ အန္ဒိယဘက်က စီစဉ်နေတယ်လို့ မဏိပူရ်ပြည်နယ်၀န်ကြီးချုပ်က ပြောပါတယ်။

အိန္ဒိယနိုင်ငံ နယ်စပ်လမ်းတည်ဆောက်ရေးအဖွဲ့ (BRO) နဲ့ နယ်စပ်ခြံစည်းရိုးတည်ဆောက်ရေးကိစ္စကို စက်တင်ဘာ ၂၃ ရက်နေ့က အတွင်းရေးမှူးချုပ်နဲ့ ပြည်ထဲရေးဌာနက အရာရှိတွေလည်း တက်ရောက်ဆွေးနွေးခဲ့တယ်လို့ အန္ဒိယနိုင်ငံ မဏိပူရပြည်နယ်ဝန်ကြီးချုပ် N Biren Singhက သူရဲ့ လူမှုကွန်ရက် အကောင့်မှာ တင်ထားပါတယ်။

မြန်မာဘက်ကနေ တရားမဝင် ကူးသန်းသွားလာနေတာနဲ့ မူးယစ်ဆေးဝါး မှောင်ခိုကုန်ကူးတာတွေ များလာတာကြောင့် နယ်စပ်ကို ကာကွယ်စောင့်ရှောက်ဖို့ အရေးတကြီးလိုအပ်ကြောင်း မဏိပူရပြည်နယ် ဝန်ကြီးချုပ်က ပြောထားပါတယ်။

အိန္ဒိယနိုင်ငံနဲ့ မြန်မာနိုင်ငံဟာ ကီလိုမီတာ ၁၆၀၀ခန့် နယ်နမိတ်ချင်းထိစပ်နေပြီး မဏိပူရ်ပြည်နယ်မှာ ကီလိုမီတာ လေးရာခန့် နယ်နမိတ်ချင်း ထိစပ်နေတာ ဖြစ်ပါတယ်။

စက်တင်ဘာ ၂၃ရက်နေ့က မြန်မာ – အိန္ဒိယနယ်စပ် လွတ်လပ်စွာသွားလာခွင့်ကို ပယ်ဖျက်ပေးဖို့ မဏိပူရ်ပြည်နယ် ဝန်ကြီးချုပ် Biren Singh က အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနဆီ တိုက်တွန်းတောင်းဆိုထားပါတယ်။

ဒေသတွင်းလုံခြုံရေး၊ အချုပ်အခြာအာဏာတည်မြဲရေးနဲ့ အုပ်ချုပ်ရေးဆိုင်ရာတွေ မြှင့်တင်ဆောင်ရွက်နိုင်ဖို့ နယ်စပ်သွားလာခွင့် ပိတ်ဖို့လိုအပ်တဲ့အကြောင်း အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်ဝန်ကြီးချုပ်က စက်တင်ဘာ ၂၃ ရက်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ မှာ ထုတ်ပြောကြားခြ့တယ်လို့ အိန္ဒိယအခြေစိုက် သတင်းတွေမျာ ဖော်ပြပါတယ်။

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်မှာဖြစ်ပွားတဲ့ ကသည်းနဲ့ ကူကီးတွေရဲ့ လူမျိုးရေးပဋိပက္ခဟာလည်း မြန်မာနိုင်ငံက ထွက်ပြေးလာသူတွေကြောင့် ပိုပြီး ပြည်နယ်အစိုးရက စွပ်စွဲကာ ယူဆပြီး တင်းတင်းကြပ်ကြပ်လုပ်ဆောင်နေတာ သိရပါတယ်။

မြန်မာ – အိန္ဒိယနယ်စပ် လွတ်လပ်စွာသွားလာခွင့်ကို NLD အစိုးရ လက်ထက် ၂၀၁၈ ခုနှစ်တုန်းက စီးပွားရေးကုန်သွယ်မှုမြှင့်တင်ဖို့ ရည်ရွယ်ချက်နဲ့ ခွင့်ပြု ခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်