အိန္ဒိယ-မြန်မာနယ်စပ် မိုးရေးမြို့တွင် အာသံရိုင်ဖယ်အဖွဲ့မှ ရွေအမြောက်အများဖမ်းမိ

အိန္ဒိယနိုင်ငံ၊ မဏီပူရ်ပြည်နယ်၊ မိုးရေးမြို့ အိန္ဒိယ-မြန်မာနယ်စပ်ဂိတ် အမှတ် (၃)တွင် အာသံရိုင်ဖယ်တပ်က တရားမဝင်တင်သွင်းလာတဲ့ ရွှေချောင်း (၄၀)နဲ့အတူ အမျိုးသားတစ်ဦးကို ဖေဖော်ဝါရီ ၂၄ ရက်ကဖမ်းဆီးခဲ့တယ်လို့သိရတယ်။

ယင်းရွှေချောင်းများဟာ အလေးချိန် ၆.၆၄၀Kg ရှိပြီး တန်ဖိုးအားဖြင့် ရူပီး ၃၇,၄၀၀,၀၀၀ ရှိပါတယ်။

ရွှေချောင်းနဲ့အတူ မိုးရေးမြို့နယ် Haijang ရွာမှာနေထိုင်တဲ့ Khunkhopao Guite (၄၅နှစ်) ကိုဖမ်းဆီးခံရပါတယ်။ ယင်းရွှေချောင်းများကို အခွန်ဌာနသို့ အပ်နှံခဲ့တယ်လို့ အာသံရိုင်ဖယ်တပ်ကထုတ်ပြန်ထားပါတယ်။

ယင်းပစ္စည်းတွေဟာ မြန်မာပြည်ဘက်ကနေ မှောင်ခိုတင်သွားလာတာလို့ယူဆရပြီး ယခင်နှစ်တုန်းကလည်း အိန္ဒိယပြည်မတွင် မြန်မာပြည်ဘက်ကနေတင်သွင်းလာတဲ့ တရားမဝင်ရွှေချောင်းများကို နေရာ ၃ နေရာတွင်ဖမ်းဆီးခဲ့ကြောင်းလည်းသိရတယ်။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်