အိန္ဒိယနိုင်ငံ၊ မဏီပူရ်ပြည်နယ်၊ မိုးရေးမြို့ အိန္ဒိယ-မြန်မာနယ်စပ်ဂိတ် အမှတ် (၃)တွင် အာသံရိုင်ဖယ်တပ်က တရားမဝင်တင်သွင်းလာတဲ့ ရွှေချောင်း (၄၀)နဲ့အတူ အမျိုးသားတစ်ဦးကို ဖေဖော်ဝါရီ ၂၄ ရက်ကဖမ်းဆီးခဲ့တယ်လို့သိရတယ်။
ယင်းရွှေချောင်းများဟာ အလေးချိန် ၆.၆၄၀Kg ရှိပြီး တန်ဖိုးအားဖြင့် ရူပီး ၃၇,၄၀၀,၀၀၀ ရှိပါတယ်။
ရွှေချောင်းနဲ့အတူ မိုးရေးမြို့နယ် Haijang ရွာမှာနေထိုင်တဲ့ Khunkhopao Guite (၄၅နှစ်) ကိုဖမ်းဆီးခံရပါတယ်။ ယင်းရွှေချောင်းများကို အခွန်ဌာနသို့ အပ်နှံခဲ့တယ်လို့ အာသံရိုင်ဖယ်တပ်ကထုတ်ပြန်ထားပါတယ်။

ယင်းပစ္စည်းတွေဟာ မြန်မာပြည်ဘက်ကနေ မှောင်ခိုတင်သွားလာတာလို့ယူဆရပြီး ယခင်နှစ်တုန်းကလည်း အိန္ဒိယပြည်မတွင် မြန်မာပြည်ဘက်ကနေတင်သွင်းလာတဲ့ တရားမဝင်ရွှေချောင်းများကို နေရာ ၃ နေရာတွင်ဖမ်းဆီးခဲ့ကြောင်းလည်းသိရတယ်။
Total Views:
0




