အိန္ဒိယ-မြန်မာ ကုန်သွယ်ရေးအမှတ် (၂)လမ်းပေါ်ရှိ မံဆောင်းတံတားသစ် တည်ဆောက်မယ်

၂၀၁၉၊ အောက်တိုဘာ(၁၆)
တီးတိန်မြို့နယ် အိန္ဒိယ-မြန်မာ ကုန်သွယ်ရေးအမှတ် (၂)လမ်းမပေါ်မှာရှိတဲ့ မဏီပူရမြစ်ကူး မံဆောင်းတံတားသစ် တစ်စင်းကို မကြာခင်စတင်တည်ဆောက်တော့မယ်လို့ သတင်းရရှိပါတယ်။

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဟန်ဇော် နဲ့ ပြည်နယ်အစိုးရအဖွဲ့တို့က အောက်တိုဘာ (၁၄)ရက်တွင် တံတားသစ်တည်ဆောက်မယ့်နေရာကို သွားရောက်ကြည့်ရှုကြပါတယ်။

ယင်းတံတားဟာ ကျပ်သန်း ၄၆၀၀ ကုန်ကျမှာဖြစ်ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကျပ်သန်း ၁၂၀၀ ကို ပြည်ထောင်စုဘတ်ဂျက်ကနေ လျာထားတယ်လို့ တီးတိန်မြို့နယ် အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဦးကျင်ခမ်းပေါင်က ဆိုပါတယ်။

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဟန်ဇော် နဲ့ ပြည်နယ်အစိုးရအဖွဲ့တို့ မံဆောင်းတံတားကိုကြည့်ရှုနေကြစဉ်

ဦးကျင်ခမ်းပေါင်က “ဘတ်ဂျက်ချထားပြီး သုံးလအတွင်း တင်ဒါကိစ္စပြီးပျက်ရမယ်လို့ပါတော့ ဒီနှစ်ကုန် ဒီဇင်ဘာလလောက်မှာ စနိုင်မယ်ထင်တယ်။ အခုက ကွန်ကရစ်တံတားဆိုတော့ သဘောတူတယ်။ အခုတံတားက ကြိုးတံတားဆိုတော့ အရင်ကပြုတ်ကျဖူးတော့ ခိုင်ခံမှုကသိပ်စိတ်မချရဘူး။ အစိုးရစီမံကိန်းနဲ့ပတ်သက်ပြီးပြောချင်တာက မြို့နယ်အဆင့်မှာပဲဖြစ်ဖြစ်၊ ပြည်နယ်အဆင့်မှာပဲဖြစ်ဖြစ် ဘတ်ဂျက်လျာထားရင် သက်ဆိုင်ရာအမတ်တွေနဲ့ညို့နှိုင်းသင့်တယ်။ အခု တံတားသစ်ဆောက်မယ့်ကိစ္စလည်း ကျနော်တို့ဘာမှမသိဘူး။ သူတို့လုပ်ချင်တာ သူတို့ဘာသာလုပ်နေကြတာ။ ဘတ်ဂျက်စည်းကမ်းထဲမှာ ဘတ်ဂျက်လျာထားတဲ့ချိန်မှာ မြို့နယ်ကိုယ်စားလှယ်များနဲ့ညို့နှိုင်းဆောင်ရွက်ရမယ်။ ဒီလိုမဆောင်ရွက်ခဲ့တဲ့ ဌာနဆိုင်ရာဖြစ်ဖြစ်၊ အစိုးရအဖွဲ့ဖြစ်ဖြစ် အရေးယူရမယ်ဆိုတဲ့ဟာပါတယ်။ အခု ၄ နှစ်ရောက်လာပြီ။ ဘတ်ဂျက်လျာထားတဲ့ချိန်မှာ ကျနော်တို့ကို တခါမှမဖိတ်ဖူးဘူး” လို့ပြောပါတယ်။

အခုတည်ဆောက်မယ့် မံဆောင်းတံတားသစ်ဟာ ယာဉ်တစ်စီးချင်းခံနိုင်ဝန် တန် (၆၀)ဖြစ်ပြီး နှစ်လမ်းသွား ဖြစ်ပါတယ်။

လက်ရှိအသုံးပြုနေတဲ့ မံဆောင်းကြိုးတံတားဟာ ယာဉ်တစ်စီးခံနိုင်ဝန်က ၁၆ တန်ဖြစ်တဲ့တွက် မိုးရာသီမှာ ကုန်တင်ယာဉ်များအခက်အခဲဖြစ်စေပါတယ်။

ကလေး-ရိကြား (၁၄)နှစ်ကြာ ကုန်တင်ကားများမောင်းနှင်နေတဲ့ ကိုညိုချောက “အခုတံတားအသုံးပြုနေတာ အခက်ခဲတော့အများကြီးပဲ။ ဘာကြောင့်လဲဆိုတော့ ၁၆ တန်ကိုပဲဖြတ်သန်းခွင့်ပြုတဲ့တွက် နွေရာသီမှာ ၁၀ ဘီး၊ ၁၂ ဘီးတွေတွက် ကုန်ကဲ့ပြီး တံတားအောက်ကလမ်းကနေ သွားရတယ်။ တံတားသစ်ဆောက်မယ်ဆိုတော့ လမ်းပန်းဆက်သွယ်ရေးရော အားလုံးတွက်အဆင်ပြေတာပေါ့။ ကားသမားတွေတွက်တော့ တကယ်ဝမ်းသာစရာပဲလေ။ သူတို့က တံတားကို နောက်ထပ် မွမ်းမံတယ်ဆိုတာလည်း ဂဟေဆော်တာလောက်ပဲရှိတာ။ ကျန်တဲ့ကြီးကြီးမားမားထပ်မလုပ်တဲ့တွက် ကားသမားတွေတွက် အန္တရာယ်ရှိတာပေါ့။ ဘယ်ချိန်ပျက်ကျမလဲဆိုတဲ့အတွေးမျိုးနဲ့သွားနေရတာ။ မဟုတ်ရင် ခရီးသွားရတာ တအားကြန့်ကြာတယ်။ ဒီတံတားကို ညမှာမဖြတ်ရတာ၊ မကဲ့ရတာတို့ အောက်လမ်းကသွားမယ်ဆိုရင်လည်း ကားအင်ဂျင်မှာရေဝင်မှာကြောက်ရတာတို့၊ ဒါတွေကအစစိုးရိမ်နေရတာ။ နွေရာသီမှာတော့ ၁၆ တန်ကျော်တဲ့ကားတွေက အောက်လမ်းဖောက်ပေးတဲ့သူကို ငွေ ငါးထောင်ပေးပြီးသွားရတာပေါ့” လို့ပြောပါတယ်။

မံဆောင်းတံတားဟာ ၂၀၁၅ ခုနှစ် ချင်းပြည်နယ် သဘာဝဘေးတွင် တံတားကြိုးနဲ့ တိုင်အနည်းငယ်ပျက်စီးတာကြောင့် ပြန်လည်ပြုပြင်ကြပါတယ်။

နောက်ဆုံးရသတင်းများ

မြန်မာ -ဘင်္ဂလားဒေရှ့်နယ်စပ်က ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို AA သိမ်းယူ

၂၅၊ မတ်၊ ၂၀၂၄ Zalen မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို မတ်လ ၂၃ ရက်မှာ သိမ်းယူခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က မတ်လ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။ ...

ဆက်ဖတ်ရန်