အမေရိကန်လွှတ်တော်ရုံးနဲ့ပုံစံတူတဲ့ ချင်းပြည်နယ်လွှတေ်တာ်ရုံးကို နောက်နှစ် နှစ်ဆန်းပိုင်းမှာဖွင့်လှစ်မယ်

အမေရိကန်လွှတ်တော်ရုံးနဲ့ပုံစံတူဆောက်ထားတဲ့ ချင်းပြည်နယ်လွှတ်တော်ရုံးကို နောက်နှစ် ဇန်နဝါရီလမှာ ဖွင့်လှစ်မယ်လို့ ပြည်နယ်လွှတ်တော် ဥက္ကဌဦးဇိုဘွဲ့ထံကသတင်းရရှိပါတယ်။

အမေရိကန်လွှတ်တော်အဆောက်အအုံ

ဦးဇိုဘွဲ့က “တည်ဆောက်ရေးကတော့ ပြီးသွားပြီ။ အထဲကပစ္စည်းတွေတပ်ဆင်ဖို့နည်းနည်းကျန်သေးတယ်။ နောက်နှစ် ဇန်နဝါရီလမှာဖွင့်လှစ်ဖို့ရှိတယ်”လို့ပြောပါတယ်။

ချင်းပြည်နယ်လွှတ်တော်ရုံးကို ကျပ်ဘီလျံ (၅ ဒသမ ၅)နဲ့ ၂၀၁၇ ခုနှစ် သြဂုတ်လကစတင်ပြီး Aroma Rose ကုမ္မဏီက တည်ဆောက်ထားပါတယ်။ လွှတ်တော်အဆောက်အုံသစ်ဟာ လက်ရှိ ချင်းပြည်နယ်အစိုးရရုံးအနီးမှာ တည်ဆောက်ထားပါတယ်။

 

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်