အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ချင်းပြည်နယ်မှာ ဘာသာရေးလွတ်လပ်ခွင့်ဖိနှိပ်ခံနေရဆဲဟုဆို

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ချင်းပြည်နယ်မှာ ဘာသာရေးလွတ်လပ်ခွင့်ဖိနှိပ်ခံနေရဆဲဟုဆို

ချင်းပြည်နယ်နဲ့ ပြည်မရှိ ချင်းခရစ်ယာန်တွေရဲ့ ဘာသာရေးလွတ်လပ်ခွင့်ဖိနှိပ်ခံနေရဆဲလို့ အမေရိကန်နိုင်ငံရေးဝန်ကြီးဌာနက ဇွန်လ ၂၁ ရက်မှာထုတ်ပြန်တဲ့ ၂၀၁၈ နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့်စာတမ်း (မြန်မာပြည်)မှာဖော်ပြထားပါတယ်။

ယင်းစာဟာ စာမျက်နှာ ၂၀ ရှိပြီး ချင်းပြည်နယ်အပါအဝင် မြန်မာနိုင်ငံအတွင်းရှိ ဘာသာရေးလွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကို ဖော်ပြထားပါတယ်။

၂၀၁၈ ခုနှစ် ဇူလိုင်လစာရင်းအရ မြန်မာနိုင်ငံမှာ လူဦးရေ ၅၅ ဒသမ ၆ မီလျံရှိပါပြီး ၎င်းတို့တွင် ဗုဒ္ဓဘာသာဝင်က ၈၈ ရာခိုင်နှုန်း၊ ခရစ်ယာန်ဘာသာဝင်က ၆ ရာခိုင်နှုန်း၊ မွတ်စ်လင်ဘာသာဝင်က ၄ ရာခိုင်နှုန်းရှိပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ချင်းတိုင်းရင်းသားတွေနဲ့ပတ်သက်ပြီး ချင်းလူ့အခွင့်အရေးအဖွဲ့(CHRO) အစာရင်ခံစာပေါ်အခြေခံပြီးဖော်ပြထားပါတယ်။

ယင်းစာတမ်းထဲတွင် “ချင်းပြည်သူတွေက ဘာသာရေးလွတ်လပ်ခွင့်ကို တားဆီးပိတ်ပင် ခံနေရရဆဲပါ။ ဒေသန္တရအာဏာပိုင်တွေက ခရစ်ယာန်တွေဝတ်ပြုဆုတောင်းဖို့မြေနေရာပိုင်ဆိုင်ဖို့ တားဆီးခံရကြောင်း၊ ဒေသခံတွေရဲ့ အုပ်စုလိုက်အကြမ်းဖက်မှုကို တခါတရံ ဒေသန္တရအာဏာပိုင်နဲ့ ဗုဒ္ဓဘာသာဘုန်းကြီးတွေဦးဆောင်ကြပါတယ်။ အဲ့လိုမျိုးကိစ္စတွေမှာ ရဲတွေက တရားခံကိုဖော်ထုတ်ဖို့ သို့မဟုတ် ဖမ်းဆီးဖို့ ပျက်ကွက်ကြပါတယ်လို့ဆိုပါတယ်။ ဘာသာရေးအဆောက်အအုံတည်ဆောက်ရန်နဲ့ အဟောင်းမွမ်းမံရန် အစိုးရရဲ့ခွင့်ပြုမိန့်ရရှိဖို့အရမ်းခက်ခဲနေပါတယ်လို့ ပြောဆိုကြပါတယ်” လို့ဖော်ပြထားပါတယ်။

ချင်းလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ချင်းပြည်နယ်အတွင်းရှိ ခရစ်ယာန်ဘာသာဝင်တွေက ဒေသန္တရအာဏာပိုင်တွေဆီမှာ ဘာသာရေးနဲ့ပတ်သက်တဲ့ မှတ်ပုံတင်ခြင်း၊ အဆောက်အအုံဆောက်လုပ်ခြင်း၊ အဟောင်းမွမ်းမံဖို့တင်ပြတဲ့ချိန်မှာနှစ်နဲ့ချီကြန့်ကြာပြီး ဒါမှမဟုတ် တင်ပြတဲ့စာတမ်းတွေပျောက်ဆုံးတတ်တယ်လို့ဆိုပါတယ်။ ချင်းပြည်နယ်မှာ အသင်းတော်နာမည်နဲ့မြေယာဝယ်ယူတဲ့ချိန်မှာ ဒေသန္တရအာဏာပိုင်တွေက ပိတ်ဆို့မှုတွေကြုံရတယ်။ ဒါကြောင့် အသင်းတော်ကိုယ်စား တစ်ဦးချင်းနာမည်နဲ့မြေတွေဝယ်ယူပြီး အစိုးရရဲ့ပိတ်ဆို့မှုကိုကျော်လွှားနေရတယ်။

ဒါ့ပြင် မကွေးတိုင်းဒေသကြီးမှာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးက ပါစတာအိမ်မှာဝတ်ပြုခဲ့တဲ့တွက် ၎င်းအိမ်ကိုပိတ်ဆို့ခဲ့ပါတယ်။

အေအေ လက်နက်ကိုင်တွေက ပလက်ဝမြို့နယ် ကျေးရွာတွေမှာ ရွာသားတွေကို ရိုက်နှိပ်ပြီး ပစ္စည်းတွေလုယူသွားပါတယ်။ တပ်မတော်က စားနပ်ရိက္ခာကို အကန့်အသတ်နဲ့ဝယ်ယူခွင့်ပြုတာကြောင့် ဒေသခံတွေ စားဝတ်နေရေးမှာအခက်အခဲကြုံတွေ့နေပါတယ်။
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ပဒဲကြောရွာ ပါစတာအိမ်မှာ ချင်းဓမ္မစကူးဆရာ၊မနှစ်ယောက်ကို ဗုဒ္ဓဘာသာ ဘုန်းကြီးနဲ့လူတစ်စုက တိုက်ခိုက်ခဲ့ပါတယ်။ ဒါ့ပြင် ပါစတာ တင်ဆွေကိုရိုက်နှိပ်လို့ ဆေးရုံရောက်ခဲ့ပါတယ်လို့ဖော်ပြထားပါတယ်။

ဒါကြောင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံကို ဘာသာရေးလွတ်လပ်ခွင့် စိုးရိမ်ရတဲ့နိုင်ငံ င်ငံ” (Country of Particular Concern – CPC)စာရင်းမှာ ၁၉၉၉ ခုနှစ်ကစပြီး ၂၀၁၈ ခုနှစ်ထိထည့်သွင်းခံရတဲ့နိုင်ငံမှာပါဝင်နေပါတယ်။

နောက်ဆုံးရသတင်းများ

မြန်မာ -ဘင်္ဂလားဒေရှ့်နယ်စပ်က ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို AA သိမ်းယူ

၂၅၊ မတ်၊ ၂၀၂၄ Zalen မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို မတ်လ ၂၃ ရက်မှာ သိမ်းယူခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က မတ်လ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။ ...

ဆက်ဖတ်ရန်