အွန်လိုင်းပေါ်မေးမြန်းကြတဲ့ စက်ကြီး (၁၂၀)ဟာ ကလေး-ဖလမ်း-ဟားခါးလမ်းအတွက်သာလှူဒါန်းထားဟုဆို

အွန်လိုင်းပေါ်မေးမြန်းကြတဲ့ စက်ကြီး (၁၂၀)ဟာ ကလေး-ဖလမ်း-ဟားခါးလမ်းအတွက်သာလှူဒါန်းထားဟုဆို

ဂျပန်နိုင်ငံက ချင်းပြည်နယ်အစိုးရသို့ လွန်ခဲ့တဲ့ နှစ်နှစ်က လှူဒါန်းထားတဲ့ စက်ကြီးမျိုးစုံ (၁၂၀)စီးဟာ ကလေး-ဖလမ်း-ဟားခါး လမ်းစီမံကိန်းအတွက်သာအသုံးပြုဖို့လှူဒါန်းထားတယ်လို့ ဝန်ကြီးဦးစိုးထက်ကပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ် Tateshi ကိုယ်တိုင်ဦးဆောင်ပြီး စက်ကြီးမျိုးစုံ (၁၂၀)စီးကို ချင်းပြည်နယ်အစိုးရထံ ၂၀၁၇ ခုနှစ် ဇွန်လ ၅ ရက်နေ့က ပေးအပ်ခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ချင်းပြည်နယ် စည်ပင်နှင့်လျှပ်စစ်ဝန်ကြီး ဦးစိုးထက်က “အဲ့ဒီစက်တွေက JICA အထောက်အပံ့နဲ့လုပ်ဆောင်နေတဲ့ ကလေး-ဖလမ်း-ဟားခါး စီမံကိန်းမှာပဲအသုံးပြုဖို့ သဘောတူထားတယ်။ အဲ့စက်တွေက ဂျပန်ကကိုင်တာ။ စက်တွေဘယ်နေရာမှာရှိလဲ၊ ဆီဘယ်လောက်ကုန်လဲ၊ ဘယ်သူကမောင်းလဲဆိုတာကအစ အမြဲတမ်း သတင်းပို့ပေးရတယ်။ တခြားလမ်းမှာသုံးလို့မရဘူး” လို့ပြောပါတယ်။

၎င်းစက်ကြီးတွေနဲ့ပတ်သက်ပြီး ၂၀၁၇ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် Chin World ကတင်ထားတဲ့သတင်းကို ၂၀၁၉ ဇွန်လဆန်းပိုင်းမှာ လူမှုကွန်ရက်ပေါ်ပြန်လည် မျှဝေကြပြီး စက်ကြီးတွေဘယ်ရောက်ကုန်ပြီလဲ၊ ဘယ်မှာအသုံးပြုကြတာလဲဆိုပြီး မေးခွန်းတွေ ဝေဖန်မှုတွေရှိပါတယ်။

နောက်ဆုံးရသတင်းများ

အမေရိကန်မှာ သူငယ်ချင်း အချင်းချင်းကြား ခိုက်ရန်ဖြစ်ပွားပြီး ချင်းအမျိုးသားတစ်ဦး သေဆုံး

၁၈၊ မေလ၊ ၂၀၂၄ Zalen အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား ပြည်နယ်၊ Lake Arrowhead ဒေသမှာ ချင်းလူမျိုး သူငယ်ချင်း အချင်းချင်း ကြား မေလ ၁၃ ရက်တုန်းက ခိုက်ရန်ဖြစ်ပွားခဲ့ပြီး Salai Sai ...

ဆက်ဖတ်ရန်