အွန်လိုင်းရှော့ပင်းလုပ်ငန်းတွေ မှတ်ပုံမတင်ပါက အရေးယူမယ်လို့ စစ်ကောင်စီထုတ်ပြန်

ချစ်ခြင်းနွေ/ ၂၈၊ စက်တင်ဘာ၊ ၂၀၂၃

အွန်လိုင်းကနေတစ်ဆင့်  အရောင်းအ၀ယ်လုပ်နေတဲ့ အွန်လိုင်းရှော့ပင်းလုပ်ငန်း လုပ်ကိုင်သူတွေအနေနဲ့ လာမယ့် အောက်တိုဘာလ ၂ ရက် နေ့က စတင်ကာ မှတ်ပုံတင်လျှောက်ထားရမှာ ဖြစ်ပြီး မှတ်ပုံတင်မတင်ဘဲ လုပ်ငန်းလုပ်ကိုင်ခဲ့ရင် အရေးယူခဲ့မယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက စစ်ကောင်စီအနေနဲ့ အွန်လိုင်းရှော့ပင်းလုပ်ငန်းတွေကို မှတ်ပုံတင်ဖို့   အမိန့်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီအနေနဲ့ အင်တာနက်အခြေပြု ရောင်းချနေတဲ့ အွန်လိုင်းမှတဆင့် ရောင်းချတဲ့လုပ်ငန်းတွေကို အရေးကြီးဝန်ဆောင်မှုအဖြစ် သတ်မှတ်တယ်လို့လည်း  ထုတ်ပြန်ထားတာပါ။

၂၀၂၄ ဇန်နဝါရီ လကနေ ပုံမတင်တဲ့ အွန်လိုင်းရှော့ပင်း လုပ်ငန်းတွေကို အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေ ပုဒ်မ ၅ အရ  အရေးယူမယ်လို့ ဆိုပါတယ်။

အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေ ကို ၂၀၁၂ ခုနှစ်က ပြည်ထောင်စုလွှတ်တော် မှာ အတည်ပြုခဲ့တာ ဖြစ်ပြီးတော့ ဥပဒေ ပုဒ်မ ၅ ကတော့ အရေးကြီးဝန်ဆောင်မှုအဖြစ် သတ်မှတ်ကြေညာပြီးနောက် ထုတ်ပြန်ထားတဲ့ အမိန့်တစ်ရပ်ရပ်ကို ဖောက်ဖျက်တယ်လို့ ပြစ်မှုထင်ရှား စီရင်ခံရင် အနည်းဆုံးထောင်ဒဏ် ၆ လ မှ အများဆုံး ထောင်ဒဏ် ၃ နှစ် အထိ ချမှတ်မယ့်အပြင်  ကျပ် ငါးသိန်းထက်မပိုတဲ့ ငွေဒဏ်ကိုလည်း ချမှတ်ခြင်း ခံရမယ်လို့ ပြဌာန်းထားပါတယ်။

အွန်လိုင်းစနစ်နဲ့ ပစ္စည်း ရောင်းချသူအားလုံး မှတ်ပုံတင်ရမှာ ဖြစ်ပြီးတော့ အွန်လိုင်းပလက်ဖောင်းတွေဖြစ်တဲ့ Facebook အပြင် Youtube၊ TikTok စတဲ့ ဆိုရှယ်မီဒီယာအားလုံးမှာ ရောင်းချနေသူတွေလည်း မှတ်ပုံတင်ရမှာဖြစ်ပါတယ်။

မှတ်ပုံတင်တာကို လာမယ့်အောက်တိုဘာလ ၂ ရက်နေ့မှ စတင်ပြီး ဒီဇင်ဘာ ၃၁ ရက်နေ့ထိ မှတ်ပုံတင်ကြေးကင်းလွတ်ခွင်နဲ့ Online Form ကြေး ကျပ်သုံးထောင်ကျော် ပေးဆောင်ပြီးတော့ အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဆီ အွန်လိုင်းကတဆင့် မှတ်ပုံတင်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

မှတ်ပုံတင်လျှောက်ထားချိန်မှာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးထောက်ခံစာ အစိုးရဌာန ထောက်ခံစာတွေကိုလည်း တင်ပြရမယ်လို့ အာဏာသိမ်းစစ်ကောင်စီက ပြောပါတယ်။

 အွန်လိုင်းရောင်းချသူတွေအနေနဲ့ အွန်လိုင်းကတဆင့် နိုင်ငံရေးကိုရည်ရွယ်ပြီး အများပြည်သူတည်ငြိမ်ရေးကို ပျက်ပြားအောင် လှုံဆော်မှု ဟောပြောစည်းရုံးမှု အားပေးမှုနဲ့ ဆန္ဒဖော်ထုတ်မှု- စတဲ့  ရှောင်ကြဉ်ရမယ့်အချက်တွေကိုလည်း စစ်ကောင်စီက ထည့်သွင်းထုတ်ပြန်ထားပါတယ်။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်