ဦးစိုးထက်ကို လွှတ်တော်အမတ်(၅)ဦးက လွှတ်တော်အစည်းအဝေးခန်းမထဲကထွက်ပြီး ကန့်ကွက်

ချင်းပြည်နယ် စည်ပင်၊လျှပ်စစ်နှင့်စက်မှုဝန်ကြီး နေရာအတွက် လွှတ်တော်ဥက္ကဌက ဦးစိုးထက်အမည်အဆိုတင်သွင်းတာနဲ့တပြိုင်နက် NLD လွှတ်တော်အမတ်(၅)ဦးက အစည်းအဝေးခန်းမထဲကထွက်ပြီး သဘောမတူကြောင်းဆန္ဒဖော်ထုတ်ကြပါတယ်။

ဒီကနေ့ နံနက် (၁၀)နာရီမှာ ကျင်းပတဲ့ ချင်းပြည်နယ်လွှတ်တော်အစည်းအဝေးမှာ အခုလိုဖြစ်ပွားခဲ့တာပါ။

အခုလို ဆန္ဒဖော်ထုတ်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကတော့ ပလက်ဝမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကံတင့်၊ ဦးပြေမင်း(ခွင့်မဲ့ပျက်ကွက်-ကန့်ကွက်ဆန္ဒပြဖို့သဘောတူသူ)၊ မင်းတပ်မြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတိတ်ထန်း၊ ကန်ပက်လက်မြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကွီးထန်း၊ ဦးဖွေအား၊နဲ့ တွန့်ဇံမြို့နယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထောင်ခိုမန် တို့ဖြစ်ပါတယ်။

ဦးစိုးထက်@ဆလိုင်းမဲလု

“အစည်းအဝေးက ဆယ်နာရီလောက်မှာစတယ်။ ဒီနေ့က အဆိုတစ်ခုထဲပဲရှိတယ်။ ဝန်ကြီးချုပ်က လွှတ်တော်ဥက္ကဌကို အဆိုတင်ဖို့ဖိတ်ခေါ်တဲ့ချိန်မှာ ကိုယ်စားလှယ်(ငါး)ယောက်က ခန်းမထဲကနေ တခါထဲထွက်လာတယ်”လို့ ကန်ပက်လက်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဖွေအားကဆိုပါတယ်။

ချင်းပြည်နယ်လွှတ်တော်မှာ ကိုယ်စားလှယ် (၁၇)ဦးရှိပြီး NLD ပါတီ(၁၂)ယောက်၊ ကြံခိုင်ရေးပါတီမှ(၃)ယောက်၊ ZCDပါတီမှ(၂)ယောက်ရှိပါတယ်။

ကန်ပက်လက်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဖွေအား

“ဦးစိုးထက်မစဉ်းစားခင်က လွှတ်တော်ဥက္ကဌရုံးခန်းထဲမှာ ဝန်ကြီးနေရာကို ပါတီတွင်းကဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ်ထဲက ဘယ်ပါတီမဆိုစဉ်းစားဖို့ ပြီးတော့ အချင်းချင်းညိုနှိုင်းတိုင်ပင်ဖို့ပြောကြတယ်။ နောက်ပိုင်းမှာတော့ ဝန်ကြီးချုပ်နဲ့ လွှတ်တော်ဥက္ကဌတို့က အထက်က ဒီလိုညွှန်ကြားစာရောက်လာတယ်လို့ပဲ ပြောကြတယ်။ မနေ့ညနေပိုင်းလည်း ဝန်ကြီးချုပ်နဲ့ နာရီ သုံးချက်ကြာဆွေးနွေးပေမယ့် အဆင်မပြေဘူး။ ဝန်ကြီးချုပ်ပြောသွားတာက ကျနော့်ဆီမှာရောက်လာတဲ့ညွှန်ကြားချက်ကတော့ လွှတ်တော်ဥက္ကဌ၊ ပါတီခေါင်းဆောင်တွေနဲ့လွှတ်တော်ကိုယ်စားလှယ်တွေကြား ပြေပြေလည်လည်ညိုနှိုင်းကြပါလို့ပြောတယ်။ ကျနော်က ဝန်ကြီးချုပ်ဖြစ်ပေမယ့် ပါတီထဲမှာတော့ အဖွဲ့ဝင်တစ်ယောက်ပါ။ တက်နိုင်သမျှညိုနှိုင်းပါတယ်လို့ပြောတာကြောင့် အဓိကတော့ လွှတ်တော်ဥက္ကဌက ညိုနှိုင်းလို့မရဘူးလို့ယူဆတယ်။ အခုလို ဆန္ဒဖော်ထုတ်တာလဲ ပါတီဗဟိုခေါင်းဆောင်တွေ၊ ဒု-သမ္မတ ဦးဟင်နရီဗန်ထီးယူတို့နဲ့ မျက်နှာချင်းဆိုင်ဆွေးနွေးချင်လို့ပါ။ အရင်ကလည်း ပညာရှင်ဆိုပြီး ဝန်ကြီးခန့်လာခဲ့တာ အလုပ်မနိုင်နှင်လို့ဆိုပြီးပြန်ထုတ်လိုက်ကော။ ပညာရှင်ဆိုတာ ဝန်ကြီးချုပ်နဲ့လွှတ်တော်ဥက္ကဌနေရာအတွက်ပဲလိုတယ်”လို့ ကန်ပက်လက်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဖွေအားကဆိုပါတယ်။

ဒါပေမယ့် ကြံခိုင်ရေးပါတီမှ ထန်တလန်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဗန်ထောင်းက “ဝန်ကြီးတစ်ယောက်ရဲ့အရည်အချင်းနဲ့မကိုက်ညီတဲ့အချက်မပြောနိုင်တော့ သဘောမတူစရာမရှိပါဘူး”လို့ပြောပါတယ်။

နောက်ဆုံးရသတင်းများ

UFC 300 မှာထိုးသတ်ကြမယ့် တွဲဆိုင်းအားလုံး ဝိတ်တန်းဝင်၊ အပိုဆုကြေးငွေအဖြစ် ဒေါ်လာ ၃ သိန်းအထိ တိုး မြှင့်ပေးသွားမယ်

၁၃၊ ဧပြီ၊၂၀၂၄ Zalen MMA လောကမှာ အကြီးကျယ်ဆုံးအဖွဲ့အစည်းဖြစ်တဲ့ Ultimate Fighting Championship – UFC အဖွဲ့အ စည်းရဲ့ ပွဲစဉ် ၃၀၀ မြောက်ပြည့်တဲ့ရာပြည့်ပွဲ UFC 300 မှာထိုးသတ်ကြမယ့် ဖိုက်တာတွေအကုန်လုံး ...

ဆက်ဖတ်ရန်