ဦးဝမ္မသူးမောင်းကြေးရုပ် ပန္နက်တင်အခမ်းအနားနဲ့ အမှတ်တရသစ်ပင်စိုက်ပွဲ မနက်ဖြန်ပြုလုပ်မယ်

၂၀၁၉၊ နိုဝင်ဘာလ(၁၇)
မင်းတပ်မြို့အဝင်မှာ ချင်းတော်လှန်ရေးခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဝမ္မသူးမောင်းကြေးရုပ် ပန္နက်တင်အခမ်းအနားနဲ့ အမှတ်တရ သစ်ပင်စိုက်ပွဲကို မနက်ဖြန် မနက် (၈)နာရီခွဲတွင် ပြုလုပ်မယ်လို့ သတင်းရရှိပါတယ်။

ပန္နက်တင်မင်္ဂလာအခမ်းအနားကို စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြုလုပ်မှာဖြစ်ပြီး မြို့နယ် ဌာနဆိုင်ရာလူကြီးတွေက အမှတ်တရသစ်ပင်စိုက်ကြမှာဖြစ်ပါတယ်။

ဦးဝမ္မသူးမောင်း ကြေးရုပ်ဖြစ်မြောက်ရေးကော် ဥက္ကဌ ဆလိုင်းကီးရှိန်းက “အမှတ်တရသစ်ပင်စိုက်ဖို့က ချယ်ရီ၊ တောင်ဇလပ်၊ ထင်းရှုး ကတစ်မျိုးမှာ ၅ ပင်ဆီစိုက်မယ်။ စိန်ပန်းကတော့ တစ်ပင်ပဲစိုက်မယ်။ ကြေးရုပ်ပန္နက်တင်ပြီးရင် ကြေးရုပ်စိုက်လို့ရမယ့်အနေအထားထိလုပ်သွားမယ်။ ကြေးရုပ်ကတော့ နိုဝင်ဘာလကုန်ပိုင်းလောက်မှာ ရောက်လာမယ်ထင်တယ်။ တစ်ဆက်တည်းနဲ့ လမ်းမတစ်လျှောက် ပန်းခြံဧရိယာကို အုတ်တံတိုင်ကာဖို့ရှိတယ်” လို့ပြောပါတယ်။

ဦးဝမ္မသူးမောင်းကြေးရုပ်ကို ဆောမြို့ဘက်မှ မင်းတပ်မြို့အဝင် အိုအေစစ်ဟိုတယ်အနီး ဦးဝမ္မသူးမောင်းပန်းခြံ ၃ ဒသမ ၄၂ ဧကအကျယ်အဝန်းပေါ်မှာ တည်ဆောက်မှာဖြစ်ပါတယ်။ ယင်းပန်းခြံနဲ့ ကြေးရုပ်ဟာ ပြည်တွင်းပြည်ပရှိ ချင်းတိုင်းရင်းသားတွေရဲ့ အလှူငွေနဲ့တည်ဆောက်မှာဖြစ်ပါတယ်။

(Zawgyi)

ဦးဝမၼသူးေမာင္းေၾကး႐ုပ္ ပႏၷက္တင္အခမ္းအနားနဲ႔ အမွတ္တရသစ္ပင္စိုက္ပြဲ မနက္ျဖန္ျပဳလုပ္မယ္

၂၀၁၉၊ ႏိုဝင္ဘာလ(၁၇)
မင္းတပ္ၿမိဳ႕အဝင္မွာ ခ်င္းေတာ္လွန္ေရးေခါင္းေဆာင္တစ္ဦးျဖစ္တဲ့ ဦးဝမၼသူးေမာင္းေၾကး႐ုပ္ ပႏၷက္တင္အခမ္းအနားနဲ႔ အမွတ္တရ သစ္ပင္စိုက္ပြဲကို မနက္ျဖန္ မနက္ (၈)နာရီခြဲတြင္ ျပဳလုပ္မယ္လို႔ သတင္းရရွိပါတယ္။

ပႏၷက္တင္မဂၤလာအခမ္းအနားကို စည္ပင္ဝန္ႀကီး ဦးစိုးထက္ကျပဳလုပ္မွာျဖစ္ၿပီး ၿမိဳ႕နယ္ ဌာနဆိုင္ရာလူႀကီးေတြက အမွတ္တရသစ္ပင္စိုက္ၾကမွာျဖစ္ပါတယ္။

ဦးဝမၼသူးေမာင္း ေၾကး႐ုပ္ျဖစ္ေျမာက္ေရးေကာ္ ဥကၠဌ ဆလိုင္းကီးရွိန္းက “အမွတ္တရသစ္ပင္စိုက္ဖို႔က ခ်ယ္ရီ၊ ေတာင္ဇလပ္၊ ထင္းရႈး ကတစ္မ်ိဳးမွာ ၅ ပင္ဆီစိုက္မယ္။ စိန္ပန္းကေတာ့ တစ္ပင္ပဲစိုက္မယ္။ ေၾကး႐ုပ္ပႏၷက္တင္ၿပီးရင္ ေၾကး႐ုပ္စိုက္လို႔ရမယ့္အေနအထားထိလုပ္သြားမယ္။ ေၾကး႐ုပ္ကေတာ့ ႏိုဝင္ဘာလကုန္ပိုင္းေလာက္မွာ ေရာက္လာမယ္ထင္တယ္။ တစ္ဆက္တည္းနဲ႔ လမ္းမတစ္ေလွ်ာက္ ပန္းၿခံဧရိယာကို အုတ္တံတိုင္ကာဖို႔ရွိတယ္” လို႔ေျပာပါတယ္။

ဦးဝမၼသူးေမာင္းေၾကး႐ုပ္ကို ေဆာၿမိဳ႕ဘက္မွ မင္းတပ္ၿမိဳ႕အဝင္ အိုေအစစ္ဟိုတယ္အနီး ဦးဝမၼသူးေမာင္းပန္းၿခံ ၃ ဒသမ ၄၂ ဧကအက်ယ္အဝန္းေပၚမွာ တည္ေဆာက္မွာျဖစ္ပါတယ္။ ယင္းပန္းၿခံနဲ႔ ေၾကး႐ုပ္ဟာ ျပည္တြင္းျပည္ပရွိ ခ်င္းတိုင္းရင္းသားေတြရဲ႕ အလႉေငြနဲ႔တည္ေဆာက္မွာျဖစ္ပါတယ္။

နောက်ဆုံးရသတင်းများ

သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံးနိုင်ငံတွေထဲ အဆင့် ၁၇၁ နေရာမှာ မြန်မာ ရှိနေ

၃၊ မေ၊ ၂၀၂၄ Zalen သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံး နိုင်ငံတွေထဲမှာမြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၇၁ နေရာမှာ ရပ်တည် နေပါတယ်။ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ ၂၀၂၄ ...

ဆက်ဖတ်ရန်