ဩဂုတ်လအတွင်း အမှတ်(၁) စစ်ဒေသမှာတိုက်ပွဲ လေးရာကျော်ဖြစ်ပွားပြီး စစ်ကောင်စီ သုံးရာကျော် သေဆုံး

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အမှတ် (၁) စစ်ဒေသဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်းစတဲ့နေရာတွေမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး တပ်ဖွဲ့တွေအကြား ဩဂုတ်လတစ်လအတွင်း တိုက်ပွဲပေါင်း ၄၃ဝဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၃၃ဝ သေဆုံးခဲ့ကာ ၄၅၄ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန(MOD) က စက်တင်ဘာ ၂၁ရက်နေ့ မနေ့က ထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီတပ်ထံမှာ လက်နက်မျိုးစုံ ၈ လက်၊ ဒရုန်း ၄စီး၊ ဗုံးသီး ၅၀၊ မိုင်း ၁၃လုံးနဲ့ ကျည် တစ်ထောင်ကျော် အပါအဝင် လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲဒီတိုက်ပွဲတွေမှာ တော်လှန်ရေးတပ်သား ၁၈ ဦး ကျဆုံးခဲ့ပြီး ၅၅ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီတိုက်ပွဲတွေကို အမှတ်(၁) စစ်ဒေသ ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေး PDF၊ ပကဖနဲ့ EROs တို့ ပူးပေါင်း ဆင်နွှဲခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

အမတ ၃၇၁ ကို စစ်ကောင်စီ ကရဟတ်ယာဉ်နဲ့လူအင်အားဖြည့် ၊ ဒုတပ်ရင်းမှူးကိုလည်း ရဟတ်ယာဉ်နဲ့ ခေါ်ဆောင်သွား

မေ ၁၅၊ ၂၀၂၆Zalen မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် ပြည်ဝရွာအခြေစိုက် အမြောက်တပ်ရင်း (အမတ – ၃၇၁) ကို စစ်ကောင်စီတပ်က Mi-17 ထောက်ပံ့ရေးရဟတ်ယာဉ်တစီး နဲ့ တပ်သားအင်အားလာရောက်ဖြည့်တင်းခဲ့ပြီး၊ ဒုတပ်ရင်းမှူး တဦးကိုလည်းပြန်လည်ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ...

ဆက်ဖတ်ရန်