ေပ်ာက္ကြယ္လုနီးပါးျဖစ္တဲ့ ခ်င္းရိုးရာသဘာဝေဆးဆိုးနည္းသင္တန္းကို ဟားခါးၿမိဳ႕မွာ ျပဳလုပ္

ေပ်ာက္ကြယ္လုနီးပါးျဖစ္တဲ့ ခ်င္းရိုးရာ သဘာဝေဆးဆိုးနည္းသင္တန္းကို ဟားခါးၿမိဳ႕ မွာ ပထမဆံုးအၾကိမ္ (၅)ရက္ၾကာျပဳလုပ္ေနပါတယ္။
ဒီသင္တန္းကို Turquoise Mountain, Myanmar နဲ႔ Yoyamay တို႔က ပူးေပါင္းၿပီး မတ္လ (၂၇)ရက္ကေန (၃၁)ရက္ထိ ျပဳလုပ္မွာျဖစ္ပါတယ္။

Yoyamay ခ်င္းရိုးရာဆုိင္ပိုင္ရွင္ ဦးက်င္လမ္းမန္က “သဘာဝဆိုးေဆးက သစ္ရြက္၊ သစ္သီး၊ သစ္ေခါက္ ေတြနဲ႔အေရာင္အမ်ဳိးမ်ဳိးလုပ္လို႔ရတယ္။ ဒါက သဘာဝဆိုေတာ့ ေဘးထြက္ဆုိးက်ဳိးလည္းမရွိဘူး။ ဒီတစ္ၾကိမ္မွာေတာ့ အေရာင္သံုးမ်ဳိးလုပ္ၾကတယ္။ အဝါေရာင္ကို နႏြင္း၊ အျပာေရာင္ကို အင္ဒီဂိုရြက္နဲ႔ အနီေရာင္ကို ခ်ဥ္ေပါင္သီးေျခာက္နဲ႔လုပ္ၾကတယ္။ အနီေရာင္ကို ဟားခါးအဆင္မွာသံုးတဲ့အနီေရာင္ထိေတာ့မထြက္ႏိုင္ေသးဘူး။ အဲ့ဒီအေရာင္ထြက္တဲ့ထိလုပ္တတ္တဲ့အဘြားက ဟားခါးမွာတစ္ေယာက္ပဲက်န္တယ္လို႔သိရတယ္” လို႔ေျပာပါတယ္။

သဘာဝေဆးဆိုးနည္းဟာ အသင့္ေဆးဆိုးထားတဲ့ခ်ည္ေတြမေပၚခင္ ခ်င္းဘိုးဘြားေတြက ေတာထဲကသစ္ေခါက္၊ သစ္ရြက္၊ သစ္သီးေတြယူကာ ရိုးရာအထည္ေတြယက္လုပ္ၾကပါတယ္။ ဒါေပမယ့္ ဓာတုေဆးနဲ႔အသင့္ဆိုးထားတဲ့ခ်ည္ေတြေရာက္လာတဲ့ခ်ိန္ကစၿပီး ရိုးရာသဘာဝေဆးဆိုးနည္းဟာ တျဖည္းျဖည္းေပ်ာက္ကြယ္သြားပါတယ္။

ခုခ်ိန္မွာ သဘာဝေဆးနဲ႔ဆိုးထားတဲ့ခ်ည္ေတြဟာ ႏိုင္ငံျခားသားေတြဝယ္လိုအားေကာင္းၿပီး ေစ်းေကာင္းရေနပါတယ္။

(Unicode)

ပျောက်ကွယ်လုနီးပါးဖြစ်တဲ့ ချင်းရိုးရာသဘာဝဆေးဆိုးနည်းသင်တန်းကို ဟားခါးမြို့မှာ ပြုလုပ်

ပျောက်ကွယ်လုနီးပါးဖြစ်တဲ့ ချင်းရိုးရာ သဘာဝဆေးဆိုးနည်းသင်တန်းကို ဟားခါးမြို့ မှာ ပထမဆုံးအကြိမ် (၅)ရက်ကြာပြုလုပ်နေပါတယ်။

ဒီသင်တန်းကို Turquoise Mountain, Myanmar နဲ့ Yoyamay တို့က ပူးပေါင်းပြီး မတ်လ (၂၇)ရက်ကနေ (၃၁)ရက်ထိ ပြုလုပ်မှာဖြစ်ပါတယ်။

Yoyamay ချင်းရိုးရာဆိုင်ပိုင်ရှင် ဦးကျင်လမ်းမန်က “သဘာဝဆိုးဆေးက သစ်ရွက်၊ သစ်သီး၊ သစ်ခေါက် တွေနဲ့အရောင်အမျိုးမျိုးလုပ်လို့ရတယ်။ ဒါက သဘာဝဆိုတော့ ဘေးထွက်ဆိုးကျိုးလည်းမရှိဘူး။ ဒီတစ်ကြိမ်မှာတော့ အရောင်သုံးမျိုးလုပ်ကြတယ်။ အဝါရောင်ကို နနွင်း၊ အပြာရောင်ကို အင်ဒီဂိုရွက်နဲ့ အနီရောင်ကို ချဉ်ပေါင်သီးခြောက်နဲ့လုပ်ကြတယ်။ အနီရောင်ကို ဟားခါးအဆင်မှာသုံးတဲ့အနီရောင်ထိတော့မထွက်နိုင်သေးဘူး။ အဲ့ဒီအရောင်ထွက်တဲ့ထိလုပ်တတ်တဲ့အဘွားက ဟားခါးမှာတစ်ယောက်ပဲကျန်တယ်လို့သိရတယ်” လို့ပြောပါတယ်။

သဘာဝဆေးဆိုးနည်းဟာ အသင့်ဆေးဆိုးထားတဲ့ချည်တွေမပေါ်ခင် ချင်းဘိုးဘွားတွေက တောထဲကသစ်ခေါက်၊ သစ်ရွက်၊ သစ်သီးတွေယူကာ ရိုးရာအထည်တွေယက်လုပ်ကြပါတယ်။ ဒါပေမယ့် ဓာတုဆေးနဲ့အသင့်ဆိုးထားတဲ့ချည်တွေရောက်လာတဲ့ချိန်ကစပြီး ရိုးရာသဘာဝဆေးဆိုးနည်းဟာ တဖြည်းဖြည်းပျောက်ကွယ်သွားပါတယ်။

ခုချိန်မှာ သဘာဝဆေးနဲ့ဆိုးထားတဲ့ချည်တွေဟာ နိုင်ငံခြားသားတွေဝယ်လိုအားကောင်းပြီး ဈေးကောင်းရနေပါတယ်။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်