ရေထဲမျောပါတဲ့ မူလတန်းကလေး သုံးဦးထဲက တစ်ဦးအလောင်းပြန်တွေ့

ကန်ပက်လက်မြို့နယ် ငကြဲကျေးရွာကနေ ဆောမြို့နယ် သီးကုန်းရွာမှာ ကျောင်းသွားတက်တဲ့ မူလတန်းအရွယ် ကလေး(၆)ဦးနဲ့ ကျောင်းလာကြိုသူအမျိုးသမီးတစ်ဦးဟာ ဇွန်လ(၇)ရက် ညနေလေးနာရီခန့်မှာ ချောင်းထဲမျောပါသွားကြပါတယ်။

ကလေး ခြောက်ယောက်ထဲက သုံးယောက်ကို အသက်ရှင်လျက် မနေ့ညကပြန်လည်တွေ့ရှိပေမယ့် ဦးလိန်းထုံ၊ ဒေါ်လိုင်းထန်းတို့ရဲ့သားသမီးသုံးယောက်ဖြစ်တဲ့ တတိယကျောင်းသား မောင်နိုင်းလိန်း(၉နှစ်)၊ ဒုတိယတန်းကျောင်းသား မောင်ထုံလိန်း(၈နှစ်)၊ KG ကျောင်းသူ မလှူးလိန်း(၅နှစ်)နဲ့ ကျောင်းလာကြိုသူ ဒေါ်လေးဟုန်း(၅၀နှစ်)တို့ပျောက်ဆုံးလျက်ရှိပါတယ်။

ဒီမနက် (၁၀)နာရီခွဲမှာ ဆောမြို့နယ် လယ်ရင်းကျေးရွာအနောက် ခြောက်ဖာလုံခန့်အကွာချောင်းစပ်မှာ တတိယကျောင်းသား မောင်နိုင်းလိန်း(၉နှစ်)အလောင်းကိုပြန်တွေ့ပြီဖြစ်ပါတယ်။

Zalen ad

ငကြဲရွာမှာ ကျောင်းမရှိတာကြောင့် ၎င်းတို့ရွာနဲ့ နှစ်မိုင်ခန့်ဝေးတဲ့ သီးကုန်းရွာမှာကျောင်းတက်နေကြပါတယ်။

နောက်ဆုံးရသတင်းများ

ဖလမ်းမြို့ထဲတွင် အစိုးရအဖွဲ့ယန္တရားပြန်လည် လည်ပတ်ဖို့ကြိုးစားမှုတွေပြုလုပ်နေတဲ့ စစ်ကောင်စီ

ဧပြီ ၂၉၊ ၂၀၂၆ Zalen ပြီးခဲ့တဲ့ ဧပြီလ ၂၅ရက်နေ့က စစ်ကောင်စီဟာ ချင်းညီနောင်နဲ့ ချင်းပြည်ကောင်စီတော်လှန်ရေးတပ်ဖွဲ့တွေထံမှ ဖလမ်းမြို့ကို ပြန်လည်ရယူသွားပြီးနောက် ၎င်းတို့ အစိုးရအဖွဲ့ယန္တရားပြန်လည် လည်ပတ်ဖို့ကြိုးစားမှုတွေ ရှိနေတယ်လို့ စစ်ကောင်စီသတင်းရင်းမြစ်များထံမှ သိရှိရပါတယ်။ စစ်ကောင်စီဟာ ဖလမ်းမြို့ပြန်လည်ရရှိပြီးနောက် ...

ဆက်ဖတ်ရန်