အေအေဖမ်းဆီးသွားတဲ့ လူအားလုံး ဒီမနက်ပြန်လွတ်၊ ဆန်အိတ်အားလုံးယူသွား

အေအေဖမ်းဆီးသွားတဲ့ လူအားလုံး ဒီမနက်ပြန်လွတ်၊ ဆန်အိတ်အားလုံးယူသွား
အေအေလက်နက်ကိုင်တပ်ဖွဲ့က ဖမ်းဆီးထားတဲ့ လူအားလုံး ဒီမနက်ပြန်လည်လွတ်မြောက်ပြီး ဆန်အိတ်အားလုံးယူသွားတယ်လို့သတင်းရရှိပါတယ်။
ပလက်ဝမြို့မှ ကုလာတန်မြစ်အထက်ဘက် တောင်ပြိုသို့သွားတဲ့ စက်လှေနှစ်စီးကို ပလက်ဝမှ ၁၀ မိုင်အရွာ ကျီးလေကျေးရွာအနီးမှာ အေအေလက်နက်ကိုင်တပ်ဖွဲ့က ဇွန်လ ၃ ရက် ညနေပိုင်းတွင်ဖမ်းဆီးသွားပါတယ်။ ၎င်းစက်လှေပေါ်တွင် ဒေသခံကျေးရွာတွေဝယ်ထားတဲ့ ဆန်အိတ် (၁၅၀) ပါဝင်ပြီး လူ ၁၉ ဦးထဲတွင် ကျောင်းဆရာ၊မ လေးဦးနဲ့ ခရစ်ယာန်အမှုတော်ဆောင် ၃ ဦးပါပါတယ်။
ပလက်ဝမြို့ဒေသခံတစ်ဦးက “ဒီမနက် ၅း၃၀ နာရီလောက်မှာ အားလုံးပြန်လွတ်ပြီးတော့ ပလက်ဝကို မနက် ၈ နာရီမှာရောက်လာကြတယ်။ တချို့လူတွေ ပလက်ဝကိုပြန်ဆင်းလာတယ်။ တချို့ကတော့ နီးစပ်ရာရွာတွေကိုသွားကြတယ်။ လူတွေကတော့ ဘာမှမဖြစ်ကြဘူး။ ဆန်အိတ်အားလုံး အေအေတွေယူသွားတယ်။ ဒီကိစ္စကို တာဝန်ရှိပုဂ္ဂိုလ်တွေကဆက်လက်ကိုင်တွယ်သွားမယ်။ လုံခြုံရေးကြောင့် စက်လှေတွေလည်း ဒီမနက် ကုလာတန်အထက်ဘက်ကို ဘယ်သူမှမထွက်ရဲကြဘူး” လို့ပြောပါတယ်။
ဆန်ကို အကန့်အသတ်နဲ့သာဝယ်ခွင့်ရတာကြောင့် ပလက်ဝမြို့က တစ်အိတ် သုံးသောင်းတန်ကို ကျေးရွာတွေမှာ လေးသောင်းအထိပေးဝယ်နေရတယ်လို့ ပလက်ဝမှ စက်လှေနဲ့တစ်နေ့သွားခရီးမှာရှိတဲ့ ကျေးရွာသားတစ်ဦးက ဆိုပါတယ်။

နောက်ဆုံးရသတင်းများ

မြို့သိမ်းတိုက်ပွဲသတင်းတွေကြောင့် တိမ်းရှောင်ခဲ့ရတဲ့ တီးတိန်မြို့ခံတွေ နေရပ်ပြန်လာ

မေ ၂၂၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ တီးတိန်မြို့မှာ မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားမှာကို စိုးရိမ်ပြီး ဘေးလွတ်ရာကို ကြိုတင်တိမ်းရှောင်သွားခဲ့ကြတဲ့ ဒေသခံပြည်သူတွေဟာ ယခုရက်ပိုင်းအတွင်း မြို့ပေါ်ကို ပြန်လည်ဝင်ရောက်လာနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလလယ်ပိုင်းနဲ့ မေလဆန်းပိုင်းကစပြီး တီးတိန်မြို့မှာ ...

ဆက်ဖတ်ရန်