မြောက်ဦးမှာဈေးဝယ်ရင်းလမ်းမှာပျောက်ဆုံးသွားတဲ့ ချင်းအမျိုးသားတစ်ဦး ၄ ရက်ကြာတဲ့ထိမတွေ့နိုင်သေး

မြောက်ဦးမှာဈေးဝယ်ရင်းလမ်းမှာပျောက်ဆုံးသွားတဲ့ ချင်းအမျိုးသားတစ်ဦး ၄ ရက်ကြာတဲ့ထိမတွေ့နိုင်သေး

ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ ဈေးဝယ်ရင်းအပြန်လမ်းမှာပျောက်ဆုံးသွား ချင်းပြည်နယ် ပလက်ဝမြို့နယ် သံထောင်ရွာသား ဦးကျော်အေး (၅၆ နှစ်)ဟာ ၄ ရက်ကြာတဲ့ထိမတွေ့သေးဘူးလို့ ၎င်းမိသားစုတွေဆီကနေ သတင်းရရှိပါတယ်။

ဦးကျော်အေးဟာ ဇွန်လ (၁၃)ရက်တွင် မြောက်ဦးမြို့သို့ အိမ်ကကုန်စုံဆိုင်အတွက်ဈေးသွားဝယ်ပါတယ်။ ဇွန်လ (၁၄)ရက် နံနက်ပိုင်းတွင် မြောက်ဦးမြို့နယ် ဆင်အိုးရွာကနေ သံထောင်ဘက်သို့ စက်လှေနဲ့တစ်ယောက်တည်းပြန်လာခဲ့ပေမယ့် လမ်းခရီးမှာပျောက်ဆုံးသွားပါတယ်။ ဆင်အိုးရွာနဲ့ သံထောင်ရွာဟာ စက်လှေနဲ့ ၆ နာရီသာသွားရတဲ့ခရီးဖြစ်ပါတယ်။ ဒါကြောင့် ဇွန်လ ၁၇ ရက်တွင် သံထောင်ရွာသား ၂၀ ကျော်က စက်လှေ ငါးစီးနဲ့တစ်နေကုန်လိုက်လံရှာဖွေသော်လည်း သဲလွန်စတစ်စုံတစ်ရာမျှမရရှိခဲ့ကြပါတယ်။

ဦးကျော်အေးရဲ့မိသားစုဝင်တစ်ဦးက “မနေ့က ဘာသတင်းအစနမှမရခဲ့လို့ ညနေ ၆ နာရီပြန်လာခဲ့တယ်။ ရခိုင်ရွာတွေကို သတင်းကြားရင်ပြန်ကြားဖို့မှာတယ်။ သံထောင်ရွာကနေ စက်လှေနဲ့ဆင်းတဲ့သူတစ်ယောက်က သူ့ရှေ့မှာ သွားတဲ့သူကို ရခိုင် နဲ့ ချင်းနယ်နမိတ်မှာသွားတွေ့တယ်။ ဦးကျော်အေးရဲ့နောက် နာရီဝက်အကြာမှာထွက်လာတဲ့ စက်လှေကိုတော့ ရခိုင်ပြည်မှာသွားစုံတယ်။ ဆိုတော့ သူက ချင်းပြည်နယ်မရောက်ခင်ပျောက်သွားတာဖြစ်တယ်။ မတော်တဆဆိုလည်း သဲလွန်စတစ်ခုခုရမယ်လို့ထင်တယ်။ ခုက ဘာသဲလွန်စမရတော့ ဘယ်သူဘယ်ဝါကလုပ်ကြံတယ်လို့ပြောရင်လည်း ဘာမှမထောက်အထားမရှိ။ သူ့စက်လှေပေါ်မှာ ဓာတ်ဆီတို့၊ မုန့်ပဲသရေစာတွေ၊ ဆန်တစ်အိတ်ရယ် တင်ထားတယ်။ အခုတော့ ရဲကို လူပျောက်စာရင်းတိုင်ထားတယ်” လို့ပြောပါတယ်။

၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ (၂၂)ရက်ညတွင် အေအေလက်နက်ကိုင်တပ်ဖွဲ့က သံထောင်ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရဲစခန်းမှူးတို့ကို ဖမ်းဆီးခေါ်ဆောင်ပြီး တစ်ပတ်ခန့်အကြာမှာပြန်လွတ်လာခဲ့ပါတယ်။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်