ပြည်ခိုင်ဖြိုးပါတီမှ ကန်ပက်လက်မြို့နယ် အမတ်လောင်းယှဉ်ပြိုင်ချင်သူ (၅)ယောက်စာရင်းပေးထား

ဒီနှစ် နိုဝင်ဘာလ ကြားဖြတ်ရွေးကောက်ပွဲမှာ ကန်ပက်လက်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ်ယှဉ်ပြိုင်ဖို့ ပြည်ခိုင်ဖြိုးပါတီမှ လူ(၅)ယောက်က စာရင်းပေးထားပြီလို့သတင်းရရှိပါတယ်။

ယင်းအကြောင်းအရာနဲ့စပ်လျဉ်းပြီး ကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီဝင်၊ ပလက်ဝမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဆလိုင်းခွဲယန်က “ဝင်ပြိုင်ချင်တဲ့သူက လေး ငါးယောက်လောက်ရှိတယ်လို့မြို့နယ်ဘက်က သတင်းရထားပါတယ်။ ဒါကြောင့် ဒီလ (၂၄)ရက်မှာ ချင်းပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးဟုန်းငိုင်းက သွားပြီးမဲခွဲဆုံးဖြတ်ပေးမယ်”လို့ဆိုပါတယ်။

ပြည်ခိုင်ဖြိုးပါတီဟာ ကြားဖြတ်ရွေးကောက်ပွဲမှာဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ချင်းပြည်နယ်မှာကျင်းပမယ့် မဲဆန္ဒနယ် နှစ်နေရာစလုံးဝင်ပြိုင်ဖို့စီစဉ်ထားပါတယ်။

နောက်ဆုံးရသတင်းများ

စစ်သင်တန်းတက်ရန် အရာတော်ကိုသွားတဲ့ စစ်ယာဉ်တန်းကို တိုက်ခိုက်မှု စကစ ဗိုလ်ကြီး ၁ ဦးအပါအဝင် ၂၀ ခန့်သေဆုံး၊ ၅၀ နီးပါးအရှင်ဖမ်းမိ

၁၄၊ ဧပြီ၊၂၀၂၄ Zalen စစ်ကိုင်းတိုင်း၊မုံရွာမြို့ကနေ စစ်ကောင်စီ စစ်မှုထမ်းရန် သင်တန်းတက်ဖို့ အရာတော်မြို့ကိုသွားတဲ့ စစ်ယာဉ် တန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဧပြီလ ၁၂ ရက်နေ့မှာပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဗိုလ်ကြီး ၁ ဦး အပါအဝင် သင်တန်းသား ၂၀ ...

ဆက်ဖတ်ရန်