ပြည်နယ်လွှတ်တော် ဒုဥက္ကဌအဖြစ် ဦးတိတ်ထန်းကိုရွေးချယ်

ပြည်နယ်လွှတ်တော် ဒုဥက္ကဌအဖြစ် ဦးတိတ်ထန်းကိုရွေးချယ်

ချင်းပြည်နယ် လွတ်တော် ဒုဥက္ကဌနေရာကို မင်းတပ်မြို့နယ် ပြည်နယ်အမတ် ဦးတိတ်ထန်းကို ဒီကနေ့ ဇွန်လ ၂၇ ရက် ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ ရွေးချယ်အတည်ပြုလိုက်ပါတယ်။

ချင်းပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ နေရာအတွက် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးပြေမင်းက မင်းတပ်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတိတ်ထန်းရဲ့ အမည်စာရင်းကို လွှတ်တော်သို့ တင်သွင်းရာ လွှတ်တော်က သဘောတူသည့်အတွက် ဦးတိတ်ထန်းအား ချင်းပြည်နယ် လွှတ်တော်ဒုတိယဥက္ကဋ္ဌအဖြစ် ရွေးကောက် တင်မြှောက်ကြပါတယ်။


https://www.facebook.com/naturegreenhill/

ယင်းနောက် ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌအဖြစ် ဦးတိတ်ထန်းဟာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌရှေ့မှောက်၌ ကတိသစ္စာပြုခဲ့ပါတယ်။

ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် (၁၈)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ဇွန်လ ၂၇ ရက်နဲ့ ၂၈ ရက်မှာကျင်းပပါမယ်။

ချင်းပြည်နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနတစ်ခု တိုးချဲ့ဖွဲ့စည်းရန် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်ကိုယ်စားလှယ်များ၏ သဘောထားရယူရာ သဘောတူသည့်အတွက် ပြည်နယ်လွှတ်တော်က သဘောတူကြောင်း ကြေညာပါတယ်။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်