ပြည်နယ်လွှတ်တော် ဒုဥက္ကဌအဖြစ် ဦးတိတ်ထန်းကိုရွေးချယ်

ပြည်နယ်လွှတ်တော် ဒုဥက္ကဌအဖြစ် ဦးတိတ်ထန်းကိုရွေးချယ်

ချင်းပြည်နယ် လွတ်တော် ဒုဥက္ကဌနေရာကို မင်းတပ်မြို့နယ် ပြည်နယ်အမတ် ဦးတိတ်ထန်းကို ဒီကနေ့ ဇွန်လ ၂၇ ရက် ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ ရွေးချယ်အတည်ပြုလိုက်ပါတယ်။

ချင်းပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ နေရာအတွက် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးပြေမင်းက မင်းတပ်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတိတ်ထန်းရဲ့ အမည်စာရင်းကို လွှတ်တော်သို့ တင်သွင်းရာ လွှတ်တော်က သဘောတူသည့်အတွက် ဦးတိတ်ထန်းအား ချင်းပြည်နယ် လွှတ်တော်ဒုတိယဥက္ကဋ္ဌအဖြစ် ရွေးကောက် တင်မြှောက်ကြပါတယ်။


https://www.facebook.com/naturegreenhill/

ယင်းနောက် ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌအဖြစ် ဦးတိတ်ထန်းဟာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌရှေ့မှောက်၌ ကတိသစ္စာပြုခဲ့ပါတယ်။

Zalen ad

ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် (၁၈)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ဇွန်လ ၂၇ ရက်နဲ့ ၂၈ ရက်မှာကျင်းပပါမယ်။

ချင်းပြည်နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနတစ်ခု တိုးချဲ့ဖွဲ့စည်းရန် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်ကိုယ်စားလှယ်များ၏ သဘောထားရယူရာ သဘောတူသည့်အတွက် ပြည်နယ်လွှတ်တော်က သဘောတူကြောင်း ကြေညာပါတယ်။

နောက်ဆုံးရသတင်းများ

မြို့သိမ်းတိုက်ပွဲသတင်းတွေကြောင့် တိမ်းရှောင်ခဲ့ရတဲ့ တီးတိန်မြို့ခံတွေ နေရပ်ပြန်လာ

မေ ၂၂၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ တီးတိန်မြို့မှာ မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားမှာကို စိုးရိမ်ပြီး ဘေးလွတ်ရာကို ကြိုတင်တိမ်းရှောင်သွားခဲ့ကြတဲ့ ဒေသခံပြည်သူတွေဟာ ယခုရက်ပိုင်းအတွင်း မြို့ပေါ်ကို ပြန်လည်ဝင်ရောက်လာနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလလယ်ပိုင်းနဲ့ မေလဆန်းပိုင်းကစပြီး တီးတိန်မြို့မှာ ...

ဆက်ဖတ်ရန်