မြန်မာ-အိန္ဒိယနယ်စပ် တမူးမြို့အနီးမှာ ဘင်္ဂါလီ ၃ ဦးဖမ်းဆီးရမိ

မြန်မာ-အိန္ဒိယနယ်စပ် တမူးမြို့အနီးမှာ ဘင်္ဂါလီ ၃ ဦးဖမ်းဆီးရမိ

မြန်မာ-အိန္ဒိယနယ်စပ် တမူးခရိုင် ခမ်းပတ်မြို့အနီး တမူး-ကလေးလမ်းမပေါ်မှာ ဆိုင်ကယ်နှစ်စီးဖြစ်တမူးမှ လာသည့် ယာဉ်မောင်းနှစ်ဦးနှင့် ဘင်္ဂါလီ ၃ ဦးကို မေလ ၃ ရက် နံနက် ၆ နာရီခန့်တွင်ဖမ်းဆီးရမိကြောင်းသတင်းရရှိပါသည်။

ဖြစ်စဉ်မှာ ခမ်းပတ်မြို့ရှိ နမစမှူး၊ မူးယစ်တပ်ဖွဲ့၊ အမှတ်(၁)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စိတ်၊ စရဖနှင့် လဝကရုံးတို့ပူးပေါင်းအဖွဲ့တို့သည် သက်သေများနှင့်အတူ ခမ်းပတ်မြို့ နန်းကတိတ်ကျေးရွာ အမကကျောင်းရှေ့ တမူး-ကလေးကားလမ်းမပေါ်တွင် ပိတ်ဆို့ရှာဖွေစစ်ဆေးနေစဉ် တမူးမြို့မှ ကလေးမြို့ဘက်သို့မောင်းနှင်လာသည့် ဆိုင်ကယ် နှစ်စီးအားရပ်တန့်စစ်ဆေးရာ တမူးမြို့နေ ရန်ခိုလင်း(၂၁ နှစ်)မောင်းနှင်လာသည့်ဆိုင်ကယ်ပေါ်တါင် အနာမူရာ(ကျား) ၁၇ နှစ်၊ ဘာကူးနားရွာ ဘူးသီးတောင်မြို့နယ်နှင့် အာဂျီတန်(မ) ၁၆ နှစ် ဒုံချောင်းရွာ ဘူးသီးတောင်မြို့နယ်တို့အပြင် တမူးမြို့နေ လွန်ကျင်ဟောက် (၂၃ နှစ်)မောင်းနှင်လာသည့်ဆိုင်ကယ်ပေါ်မှ အမ်ဂျူးမာ(မ) ၁၇ နှစ် ကချာပန်ကျေးရွာ၊ ဘူးသီးတောင်မြို့နယ် နေသူတို့အား ဖမ်းဆီးရမိကြပါသည်။

ဖမ်းဆီးရမိသည့်တရားခံများအားစစ်ဆေးရာ အိန္ဒိယနိုင်ငံ မိုးရေးမြို့နေ ချိန်ပီး(မ)ဆိုသူမှ တစ်ဦးလျှင် မြန်မာငွေ ကျပ် တစ်သိန်းခွဲ ဖြင့် ကလေးဝမြို့သို့ပို့ဆောင်ခိုင်းသဖြင့် ၂၀၁၉ ခုနှစ် မေလ (၂)ရက်တွင် တမူးမြို့ မြန်မာ-အိန္ဒိယနယ်စပ် အမှတ် (၁)ဂိတ်အနီး တရားမဝင် ဝင်၊ထွက်ပေါက်မှ တရားမဝင်ဝင်ရောက်လာကြပါသည်။ ယင်းည (၈)နာရီတွင် တမူးမြို့မှထွက်ခွာလာပြီး လမ်းတစ်လျှောက် (၇)ကြိမ်ခန့် အခြေအနေထူးခြားမှုရှိ ၊မရှိ စုံစမ်းရန် ခိုအောင်းရပ်နားခဲ့ကြပြီး မေလ (၃)ရက် နံနက် (၆)နာရီတွင် ဖမ်းဆီးခံခဲ့ကြခြင်းဖြစ်ပါသည်။

နောက်ဆုံးရသတင်းများ

CDF-Matupi တပ်ရင်း အမှတ် ၆ အိုင်ခါခ်တပ်ရင်း နဲ့ CDF-Matupi လင်းယုန်တပ်ရင်းတို့က Chinland Council နဲ့ ချင်းညီနောင်တို့ကို ထောက်ခံကြကြောင်း အသီးသီးထုတ်ပြန်

၁၂၊ မေလ၊ ၂၀၂၄ Zalen ချင်းပြည်နယ်၊ မတူပီမြို့နယ် အတွင်းမှာ အခြေစိုက်တဲ့ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ မတူပီ တပ်မဟာ ၂၊ တပ်ရင်း အမှတ် ၆၊ အိုင်ဒါခ်တပ်ရင်းက Chinland Council ကိုအပြည့်အဝထောက်ခံတယ်လို့ မေလ ...

ဆက်ဖတ်ရန်