၂၀၂၂ လောက်ကစပြီး ပါတီအောင်နိုင်ရေးအတွက်စတင်လှုပ်ရှားတော့မယ်လို့ ကလေးမြို့နယ် CNLD ဥက္ကဌဆို

နောက်သက်တမ်းရွေးကောက်ပွဲ အောင်မြင်ဖို့ ၂၀၂၂ ခုနှစ်လောက်ကစပြီး ကြိုတင်ပြင်ဆင်ထားမယ်လို့ ကလေးမြို့နယ် CNLD ဥက္ကဌ ဦးလျန်နှောကဆိုပါတယ်။

ရွေးကောက်ပွဲမကျင်းပခင် ကလေးမြို့နယ် ချင်းပါတီအမတ်လောင်းကနေ ၂ နေရာလောက်အနိုင်ရရှိဖို့ ပါတီကမျှော်မှန်းထားပေမယ့် အားလုံးရှုံးနိမ့်ခဲ့ပါတယ်။

ကလေးမြို့နယ် CNLD ဥက္ကဌ ဦးလျန်နှောက “ကြိုတင်ပြင်ဆင်မှုတကယ်လိုတယ်။ ပြိုင်မယ့်အမတ်လောင်းတွေသင်တန်းတက်ဖို့လိုတယ်။ ပြည်သူတွေကို အသိပညာပေးမှုတွေလုပ်မယ်။ အမတ်လောင်းရွေးချယ်ရေးမှာလည်း ကောက်ခါငြင်ခါမဟုတ်ဘဲ ၂၀၂၅ မှာပြိုင်မယ့်လူဟာ ၂၀၂၂ လောက်ကတည်းက ကြိုတင်ပြင်ဆင်မှုကိုလုပ်ထားလိုက်ရင် ၂၀၂၅ ကျရင်အောင်မြင်မှုတော့ရရှိမယ်လို့ မျှော်မှန်းထားပါတယ်။ အသိပညာပေးမှုတွေများများလုပ်ရမယ်” လို့ပြောပါတယ်။

ချင်းပါတီရှုံးနိမ့်ရခြင်းက ပါတီသက်တမ်းနုနယ်သေးတာရယ်၊ ပါတီရံပုံငွေမရှိတာရယ်၊ အမတ်လောင်းတွေရွေးချယ်ရေးမှာ အားနည်းခဲ့တယ်လို့ဆိုပါတယ်။
ဦးလျန်နှောက“CNLD အမတ်လောင်း ၅ ဦးထဲမှာ အနည်းဆုံး ၂ ယောက်နိုင်မယ်လို့ မျှော်မှန်းထားတယ်။ အထူးသဖြင့် ချင်းရေးရာပေါ့။ နောက်တစ်ခုကတော့ တိုင်းဒေသကြီး ၁ လာ၊ ၂ လာ တစ်ခုခုပေါ့။ နယ်ဆင်းပြီးစည်းရုံးရေးသွားတဲ့ခါမှာ အမြဲတမ်းအားရစရာကောင်းပါတယ်။ ကိုဗစ်-၁၉ ကြောင့် မဲဆွယ်တဲ့နေရာမှာ လူ ၃၀ ထက်ပိုစုလို့မရဘူး။ တွေ့ဆုံတဲ့လူတွေက အရမ်းထောက်ခံလို့ အားရတင်းတိမ်ခဲ့တယ်။ နိုင်ငံရေးဆိုတာက ကိုယ်ပိုင်ရွေးချယ်ခွင့်ရှိတယ်။ ဒုတိယအချက်အနေနဲ့ အမတ်လောင်း ၅ ဦးစလုံးဟာ အခုမှစကြတယ်။ ဘာမှအတွေ့အကြုံ့မရှိကြဘူး။ လှုပ်ရှားမှုနဲ့ သူတို့အရည်အချင်းပေါ်မှာလည်းမူတည်တယ်။ ပါတီကလည်းပဲ ဇွန်လကျမှစလှုပ်ရှားတာ။ အစမှာ ဆိုင်းဘုတ်ထူတာလောက်နဲ့ အချိန်ကုန်ခဲ့တယ်။ ဘာမှဟုတ်တိပတ်တိမလုပ်နိုင်ခဲ့ဘူး။ ပါတီမှတ်ပုံတင်ကလည်း ပြီးခဲ့တဲ့နှစ် ဇူလိုင်လမှကျလာတာ။ ပါတီက ၁ နှစ်သားပဲရှိသေးတယ်။ ပါတီဘက်ကလည်း ရံပုံငွေကလည်းမရှိသေးဘူး။ မည်သည့်အလုပ်မဆို အကောင်အထည်ဖော်တဲ့ခါမှာ အသင်းတော်မှာတောင် ဘတ်ဂျက်လိုတယ်။ ကုန်သင့်သလောက်ကုန်ဖို့က တကယ်ကိုဘတ်ဂျက်လိုပါတယ်။ အောင်နိုင်ရေးကော်မတီဖွဲ့တဲ့ခါမှာ ရပ်ကျေးကနေ ကွက်စိတ်ထိ အဲ့ဒီကွက်စိတ်ကလေးတာဝန်ရှိတဲ့သူတွေကို ငွေကြေးမထောက်ပံ့နိုင်ဘူး။ ရပ်ကွက်တစ်ခုအောင်နိုင်ရေးတောင် တစ်သိန်းပဲထောက်ပံ့နိုင်တယ်။ တကယ်ကုန်သင့်ကုန်ထိုက်တဲ့နေရာမှာ မသုံးနိုင်ဘူး။ ပြီးတော့ ပြည်သူပြည်သားတွေက အကြောက်တရားတွေရှိသေးတယ်။ ဘာလဲဆိုတော့ တပ်ကနေ သို့မဟုတ် ပြည်ခိုင်ဖြိုးပါတီကနေ အာဏာရှင်သဘောအုပ်ချုပ်မှာစိုးလို့ မထူးပါဘူး ဒီတခါတော့ NLD ကိုမဲဆက်ပေးရအောင်ဆိုတဲ့ဟာက အတော်လေးကို လွမ်းမိုးတယ်” လို့ပြောပါတယ်။

ဒီနှစ်ရွေးကောက်ပွဲမှာ ချင်းပါတီရှုံးနိမ့်ပေမယ့် ချင်းလူငယ်တွေ အမျိုးရေးမှာ စိတ်ဓာတ်တက်ကြွလာပြီး ရှင်သန်နှိုးထလာတာဟာ အမြတ်တခုဖြစ်တယ်လို့ ၎င်းကဆိုပါတယ်။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်