(၂) လ အတွင်း ချင်းပြည်နယ်တွင် လေယာဉ်ဖြင့် ဗုံး (၁၂၁)လုံးကြဲချ၊ CNA ရဲဘော် (၂) ဦးအပါဝင် ပြည်သူ (၂၄ ) သေဆုံး

ချင်းပြည်နယ်တွင် ယခုနှစ် မတ်လမှ ဧပြီလ အထိ (၂)လအတွင်း စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် (၃၆) ကြိမ်၊ ဗုံးအလုံးရေ (၁၂၁) လုံးဖြင့်တိုက်ခိုက်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF) မေလ ၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ဗုံးကြဲတိုက်ခိုက်ခံရမူအများဆုံး ဟားခါးမြို့နယ်တွင် (၁၀) ကြိမ်ဖြစ်ပြီး၊ ထန်တလန်မြို့နယ်တွင် (၇)ကြိမ်၊ မင်းတပ်မြို့နယ်တွင် (၆)ကြိမ်၊ ဖလမ်းမြို့နယ်တွင် (၃)ကြိမ်နှင့် တီးတိန်းမြို့နယ်တွင် (၁) ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မူကြောင့် ချင်းအမျိုးသားတပ်မတော် (CNA) ရဲဘော် (၂) ဦးအပါဝင် အပြစ်မဲ့ပြည်သူ (၂၄) ဦးသေဆုံးပြီး ၊ အပြစ်မဲ့ပြည်သူ (၃၃)ဦး ဒဏ်ရာရရှိခဲ့သည်။

လေကြောင်းတိုက်ခိုက်မှုဟာ ကျေးရွာ ၄ ရွာအတွင်း ဗုံး ၂၂ လုံးကြဲချပြီး ကျန် ၉၉ လုံးမှာ ကျေးရွာအနီးမှာ ကြဲချခဲ့ပါသည်။

ထို့အပြင် ခရစ်ယာန်ဘုရားရှိးခိုးကျောင်း (၄) ကျောင်းနဲ့ လူနေအိမ် အလုံး (၅၀) ကျော် ပျက်စီးဆုံးရှုံးခဲ့ရသည်ဟုဖော်ပြသည်။

နောက်ဆုံးရသတင်းများ

မရာလက်နက်ကိုင်တပ်ဖွဲ့ဖြင့်တဲ့ MDF နဲ့ CDF-Mara တို့ တွေ့ဆုံဆွေးနွေးမယ်

၁၄၊ မတ် ၊ ၂၀၂၄ Zalen မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့( MDF) နဲ့ CDF-Mara တို့ဟာ မရာနယ်ရှိ ဘာသာရေးခေါင်းဆောင်များ၊ မရာလူငယ်အဖွဲ့အစည်းအသီးသီးများနဲ့ မရာနယ် ရပ်မိရပ်ဖများရဲ့ အကြိမ်ကြိမ်သဘောထားဆွေးနွေးမှုရလဒ်ဖြင့် မကြာမီတွေ့ဆုံ ဆွေးနွေးသွားကြမယ်လို့သိရပါတယ်။ MDF နဲ့ ...

ဆက်ဖတ်ရန်