ကြားဖြတ်ရွေးကောက်ပွဲမှာ ချင်းပါတီတစ်ခုအနေနဲ့မယှဉ်ပြိုင်ပေမယ့် အချင်းချင်းညိုနှိုင်းပြီးမှ ရွေးကောက်ပွဲဝင်မယ်လို့ဆို

ချင်းပါတီသုံးခုဟာ ဒီနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ ပါတီတစ်ခုအနေနဲ့ဝင်ရောက်ယှဉ်ပြိုင်နိုင်မှာမဟုတ်ပေမယ့် အချင်းချင်းညိုနှိုင်းပြီးမှသာ ရွေးကောက်ပွဲဝင်မယ်လို့ သိရပါတယ်။

ချင်းပါတီတွေဖြစ်တဲ့ CPP, CNDP နဲ့ CLD ပါတီတွေဟာ ပါတီတစ်ခုအနေနဲ့ပေါင်းစည်းရန်သဘောတူထားပြီး ပါတီသုံးခုပေါင်း နာမည်ကို ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(CNLD)လို့အမည်ပေးထားပါတယ်။ ဒါပေမယ့် မူဝါဒတွေဆက်လက်ဆွေးနွေးဖို့ကျန်နေသေးလို့ ပါတီမှတ်ပုံတင်ခြင်းမလုပ်ရသေးပါ။

“သတင်းကြားမိတာကတော့ မေလ(၈)ရက်မတိုင်ခင် မှတ်ပုံတင်ထားတဲ့ပါတီတွေပဲ ရွေးကောက်ပွဲဝင်ခွင့်ရှိတယ်တဲ့။ ကျနော်တို့ကတော့ သုံးပါတီပေါင်းတဲ့နာမည် မှတ်ပုံမတင်ရသေးဘူးဆိုတော့ တစ်ပါတီအနေနဲ့ဝင်ဖို့မဖြစ်နိုင်သေးဘူး။ ဒါပေမယ့် ပူးပေါင်းဖို့ဆုံးဖြတ်ထားပြီဆိုတော့ ရွေးကောက်ပွဲဝင်ရင်လည်း ပါတီအချင်းချင်းညိုနှိုင်းဆွေးနွေးပြီးမှပဲ ဝင်မှာပါ”လို့ CNLD ပါတီပြောရေးဆိုခွင့်ရှိသူ ဦးငိုင်ဆာခ့်ကဆိုပါတယ်။

ဒီနှစ်ကြားဖြတ်ရွေးကောက်ပွဲမှာ ချင်းပါတီတွေယှဉ်ပြိုင်ဖို့ရည်ရွယ်ထားတဲ့ လစ်လပ်တဲ့နေရာကတော့ ကန်ပက်လက်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မဲဆန္ဒနယ်၊ မတူပီမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်မဲဆန္ဒနယ်နဲ့ တမူးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်တို့ဖြစ်ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်မပါတီတွေဖြစ်တဲ့ NLD နဲ့ကြံ့ခိုင်ရေးပါတီက လစ်လပ်မဲန္ဒနယ်အားလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့စီစဉ်ထားပါတယ်။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်