နှစ်ဖက်တိုက်ပွဲပြင်းထန်လို့ ပလက်ဝမြို့ပေါ်မှာ လူ ၂၀၀ ဝန်းကျင်စစ်ဘေးရှောင်လာ

နှစ်ဖက်တိုက်ပွဲပြင်းထန်လို့ ပလက်ဝမြို့ပေါ်မှာ လူ ၂၀၀ ဝန်းကျင်စစ်ဘေးရှောင်လာ

ပလက်ဝမြို့ရဲ့အထက် ၇ မိုင်ခန့်အကွာမှာ တပ်မတော်နဲ့ အေအေတပ်ဖွဲ့တို့ လက်နက်ကြီးတွေနဲ့ပစ်ကြတာကြောင့် အနီးနားရှိ ကျေးရွာ (၃)ရွာမှာ ပြည်သူတွေ ပလက်ဝမြို့ပေါ်မှာ ဒီနေ့ တိမ်းရှောင်လာကြပါတယ်။

ဇွန်လ (၇)ရက် ညနေ ၅ နာရီခန့်တွင် ပလက်ဝမြို့နဲ့ ၇ မိုင်ဝန်းကျင်အကွာ သဲမချောင်းထဲရွာ၊ သဲမချောင်းဝရွာ နဲ့ ပိနဲ္နတပင်ရွာ အနီးတဝိုက်မှာ တပ်မတော်နဲ့ အေအေတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်။ ဒါကြောင့် ဇွန်လ (၈) ရက် နံနက် ၁၁ နာရီခန့်တွင် ပလက်ဝမှ တပ်စခန်းမှ လက်နက်ကြီးတွေနဲ့ ပစ်တာကြောင့် သဲမချောင်းဝရွာ အနီး ရွာတစ်ဖက်ကမ်းတွင် လက်နက်ကြီးကျည်ဆန်ကျခဲ့လို့ ဒေသခံပြည်သူတွေ အသက်အန္တရာယ်စိုးရိမ်တာကြောင့် ဒီနေ့ ၁၂ နာရီခန့်တွင် ပလက်ဝမြို့သို့ထွက်ပြေးလာကြပါတယ်။

ပလက်ဝမြို့ ဒေသခံတစ်ဦးက “ပလက်ဝ တပ်စခန်းကနေ ဒီနေ့ လက်နက်ကြီး ဘယ်နလုံးလောက်ထုတာလဲဆိုတာ မရည်တွက်နိုင်တော့ဘူး။ ခုတလောတော့ နေ့တိုင်း လက်နက်ကြီးသံကြားရတယ်။ စစ်ဘေးရှောင်တွေကတော့ ဒီညတော့ အသိမိတ်ဆွေအိမ်တွေမှာ ခိုလုံကြတယ်။ မနက်ဖြန် မနက်ပိုင်းမှာ လူပြန်စုပြီး တစ်နေရာမှာ နေရာချထားဖို့ စီစဉ်မယ်” လို့ပြောပါတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

မြို့သိမ်းတိုက်ပွဲသတင်းတွေကြောင့် တိမ်းရှောင်ခဲ့ရတဲ့ တီးတိန်မြို့ခံတွေ နေရပ်ပြန်လာ

မေ ၂၂၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ တီးတိန်မြို့မှာ မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားမှာကို စိုးရိမ်ပြီး ဘေးလွတ်ရာကို ကြိုတင်တိမ်းရှောင်သွားခဲ့ကြတဲ့ ဒေသခံပြည်သူတွေဟာ ယခုရက်ပိုင်းအတွင်း မြို့ပေါ်ကို ပြန်လည်ဝင်ရောက်လာနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလလယ်ပိုင်းနဲ့ မေလဆန်းပိုင်းကစပြီး တီးတိန်မြို့မှာ ...

ဆက်ဖတ်ရန်