ဖလမ်းမြို့တိုးချဲ့ကိစ္စ ဆန္ဒပြသော ပူးဇာထန်း ကလေးမြို့အကျဉ်းထောင်ကနေ ဒီနေ့လွှတ်လာ

ဖလမ်းမြို့ တိုးချဲ့ရပ်ကွက်မှာ လိုင်ဇိုးကျေးရွာပါဝင်မှုကိုဆန့်ကျင်ဆန္ဒပြတဲ့ ဦးဆောင်သူ ပူးဇာထန်းကို ထောင်(၁)လအမိန့်ချမှတ်ပြီး ဒီနေ့ နံနက်ပိုင်းမှာ ကလေးမြို့ မော်လိုက်ကလေးအကျဉ်းထောင်ကနေလွှတ်မြောက်လာပါတယ်။

၂၀၁၈ ခုနှစ်မတ်လ(၃၀)ရက်မှာ ဖလမ်းမြို့ မြို့တော်ခန်းမသို့ ပြည်နယ်ဝန်ကြီးချုပ်ရောက်လာစဉ် လိုင်ဇိုးရွာသားတွေက စာတမ်းကိုင်ဆောင်ပြီး ဖလမ်းမြို့ တိုးချဲ့ရပ်ကွက်မှာ လိုင်ဇိုးကျေးရွာပါဝင်မှု သဘောမတူကြောင်း ခွင့်ပြုမိန့်မပါပဲ အသံတိတ်ဆန္ဒဖော်ထုတ်ကြပါတယ်။

လိုင်ဇိုးရွာသားများ ၂၀၁၈ ခုနှစ် မတ် (၃၀)ရက်နေ့ ဖလမ်းမြို့တော်ခန်းမရှေ့မှာ ဆန္ဒဖော်ထုတ်ကြစဉ်

ဒါကြောင့် ယင်းဆန္ဒပြပွဲကို ဦးဆောင်သူလို့စွပ်စွဲထားတဲ့ ပူးဇာထန်းကို ဖလမ်းမြို့နယ် တရားရုံးက စက်တင်ဘာ(၆)ရက်နေ့မှာ ငြိမ်း၊စု၊စီဥပဒေပုဒ်မ(၁၉)နဲ့ ထောင်(၁)လအမိန့်ချပြီး ကလေးမြို့ အင်ဒိုင်းလေးအကျဉ်းထောင်သို့ပို့ကြပါတယ်။ မြို့နယ်တရားရုံးရဲ့ ထောင်ဒဏ်(၁)လအမိန့်ချခြင်းကို မကျေနပ်တာကြောင့်ခရိုင်တရားရုံးသို့ဆက်တက်ပြီး ဖလမ်းခရိုင်တရားရုံးက ထောင်ဒဏ်(၁၀)ရက်လျော့ချပြီး အမိန့်ချပါတယ်။

ဖလမ်းမြို့ တိုးချဲ့ရပ်ကွက်မှာ လိုင်ဇိုးကျေးရွာ ဧရိယာထည့်သွင်းခြင်းကို ကန့်ကွက်ကြောင်း လိုင်ဇိုးကျေးရွာသားတွေက ဖလမ်းမြို့မှာ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ(၅)ရက်နေ့တွင် ပထမအကြိမ် ဆန္ဒဖော်ထုတ်ခဲ့ကြတယ်။

လိုင်ဇိုးရွာသားများ ၂၀၁၇ ခုနှစ် နိုဝင်ဘာ(၅)ရက်နေ့ မှာ ဖလမ်းမြို့အတွင်း လှည့်လည်ဆန္ဒဖော်ထုတ်ကြစဉ်

ယခင်က ဖလမ်းမြို့ဟာ ရပ်ကွက်(၄)ခုရှိပြီး ၂၀၁၇ ခုနှစ် အောက်တိုဘာ (၂၃)ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်က လိုင်ဇိုးကျေးရွာဧရိယာ ဧက လေးထောင်ခန့်အပါအဝင် ရပ်ကွက်(၄)ခုထပ်မံတိုးချဲ့လိုက်ပါတယ်။

 

 

နောက်ဆုံးရသတင်းများ

မြန်မာ -ဘင်္ဂလားဒေရှ့်နယ်စပ်က ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို AA သိမ်းယူ

၂၅၊ မတ်၊ ၂၀၂၄ Zalen မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို မတ်လ ၂၃ ရက်မှာ သိမ်းယူခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က မတ်လ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။ ...

ဆက်ဖတ်ရန်