ဆမီးမြို့တွင် ယာယီရဲစခန်းမှူး ဒုရဲအုပ် နိုင်ဇော်အောင် ဖမ်းဆီးခံရ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ယာယီ ရဲစခန်းမှူး နိုင်ဇော်အောင်သည် လက်ဖက်ရည်ဆိုင်ထိုင်စဉ် အမည်မသိလက်နက်ကိုင်တပ်ဖွဲ့က စက်တင်ဘာလ ၁၆ ရက်နေ့ ည ၈ နာရီဝန်းကျင်တွင်ဖမ်းဆီး‌ခဲ့ကြောင့် ဒေသခံဆီက သတင်းရရှိသည်။

အဖမ်းဆီးခံရသည့် ယာယီ ရဲစခန်းမှူးသည် ဒုရဲအုပ် နိုင်‌ဇော်အောင်ဖြစ်ပြီး၊ ဆမီးဗျူဟာမှူး လူယုံတော် တစ်ဦးလည်းဖြစ်သည်ဟု ဆမီးမြို့ဒေသခံ‌တွေက ဆိုသည်။

“သူက အမှတ် (၂) ဆမီးမြို့မ ရဲစခန်းမှူး ဒုရဲအုပ် နိုင်ဇော်အောင်ပါ။ စခန်းမှူးမရှိတော့ ယာယီစခန်းမှူးပေါ့။ ညဘက် ၈ နာရီခန့် ဝန်းကျင်မှာ သူမိန်းမ လက်ဖက်ရည်ဆိုင်မှာ လက်ဖက်‌ရည်‌ေသာက်ရင်း အဖမ်းခံရတာပါ။ ဘယ်လက်နက်ကိုင်တပ်ဖွဲ့က ဖမ်းတာလဲတော့ မသိဘူး။ သူက ဆမီးဗျူဟာမှူး လူယုံတော်လည်း ဖြစ်တယ်”ဟု ဆိုပါသည်။

ယာယီစခန်းမှူး အဖမ်းခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ရဲတပ်ဖွဲ့များက ဆမီးဒေသခံ တစ်ဦးအား စစ်ဆေးမေးမြန်းရန်ဆိုကာ ရဲစခန်းတွင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ယနေ့ထိ ပြန်လွတ်ပေးခြင်း မရှိသေးဟု သိရှိရသည်။ ဆမီးမြို့တွင် ချင်းအမျိုးသားတပ်မတော်(CNA)နဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့-ပလက်ဝ တပ်ရင်း (၁) တို့ စစ်ရေးလှုပ်ရှားနယ်မြေလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းများ

ငလျင်ဒဏ်ကြောင့် နောက်ဆက်တွဲ အကျိုးဆက် ဘာတွေ ဖြစ်နိုင်လဲ

ဝသာန် ၂၀၂၅ ခုနှစ် မတ်လ(၂၈)ရက်နေ့က မြန်မာနိုင်ငံမှာ (၇.၇)စကေးရှိတဲ့ အပြင်းထန်ဆုံး ငလျင်ဘေး‌ဒါဏ်ကို ခံစားခဲ့ရတယ်။အဆိုပါ ငလျင်ဘေးဒါဏ်ကနေ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတာ (၁၀)ရက်ရှိသွားပေမယ့် ပြန်လည်ထူထောင်ရေးအတွက် အကူအညီလိုအပ်နေတုန်းပါပဲ။ မြန်မာနိုင်ငံကို နိုင်ငံတကာက အကူအညီအနေနဲ့ အမေရိကန်ဒေါ်လာ(၁၃၆.၈၈)သန်း ရရှိထားတယ် ...

ဆက်ဖတ်ရန်