ဖလမ်းမြို့နယ် ကျေးရွာအချို့မှာကိုယ်ထူကိုယ်ထ ညကျောင်းဖွင့်

ချင်းပြည်နယ် ဖလမ်းမြို့နယ် ကျေးရွာအချို့မှာ ကလေးတွေ ကျောင်းစာနဲ့အဆက်မပျက်ဖို့ ကိုယ်ထူကိုယ်ထနဲ့ ညမှာစာသင်နေကြတယ်လို့သိရပါတယ်။

ဆုမ်ဟရန်ကျေးရွာမှာဆိုရင် စက်တင်ဘာလ ၁၄ ရက်ညကစပြီး ဒုတိယတန်းကနေ ၁၀ တန်းကျောင်းသူ၊ သားကလေးတွေကို အခန်း ၃ ခန်းခွဲကာ အင်္ဂလိပ်၊ သင်္ချာ၊ မြန်မာ၊ ချင်းစာ၊ ပုံဆွဲ၊ စာဖတ်ချိန်ဆိုပြီးခွဲကာ သင်ကြားကြပါတယ်။

တညမှာ အငယ်ဆုံးတန်းကို ၁ နာရီဝန်းကျင်သင်ကြားကာ အလတ် တန်းကို ၁ နာရီခွဲ၊ အကြီးဆုံးတန်းကို ၂ နာရီ စသဖြင့်သင်ပေးကြပါတယ်။

စောင့်ကြည့်သင်ကြားပေးတဲ့သူတွေကတော့ ရွာထဲက ၁၀ တန်းအောင်နဲ့ ၁ဝတန်းတက်နေတဲ့လူငယ် ၈ ယောက်က စေတနာနဲ့သင်ပေးကြပါတယ်။

ဒီအစီအစဉ်ကို ဆုမ်ဟရန်နှစ်ခြင်းအသင်းတော်က ဦးဆောင်ကာ ရွာထဲက ကလေး ၅၀ ဝန်းကျင်တက်ရောက်လာကြပါတယ်။

ဆုမ်ဟရန်နှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာတပါးက “ဒီအစီအစဉ်ကို လုပ်ဖို့စိတ်ကူးနေတာ အတော်ကြာပြီ။ ဒါပေမယ့် ဘုရားကျောင်းဆောက်နေကြတော့ မလုပ်ဖြစ်ဘူး။ ညမှာလုပ်ရတာက စောင့်ပေးတဲ့စေတနာ့ဝန်ထမ်းတွေက မိသားစုအလုပ်တွေရှိတယ်။ ကျနော်တို့ကလည်း လုပ်အားခမပေးနိုင်တော့ ညမှာစာသင်ပေးခြင်းဖြစ်တယ်။ ဘယ်ချိန်ထိသင်ပေးမလဲဆိုရင်တော့ အစိုးရကျောင်းမဖွင့်မချင်း စာနဲ့အဆက်မပျက်အောင်သင်ပေးသွားမယ်။ တခြားရွာတွေဆိုရင် ဒီအစီအစဉ်စတာ တစ်ပတ်၊ တချို့ဆိုရင် တစ်လတောင်ကြာနေပြီ” လို့ပြောပါတယ်။

ချင်းပြည်နယ် ဖလမ်းမြို့နယ် နဲ့ စစ်ကို်င်းတိုင်း ကလေးမြို့နယ်က အခြေခံပညာအထက်တန်းကျောင်းသူ၊ သားတွေကို နောက်လကစပြီး အွန်လိုင်းကနေ အင်္ဂလိပ်စာတွေသင်ပေးဖို့ အမေရိကန်အခြေစိုက် Hope for Tomorrow အဖွဲ့က စီစဉ်နေပါတယ်။

ယင်းအစီအစဉ်အတွက် ပြည်ပမှာရောက်ရှိနေတဲ့ ချင်းတက္ကသိုလ်ကျောင်းသူ၊သားတွေကို စေတနာ့ဝန်ထမ်းမှာပါဝင်ဖို့ဖိတ်ခေါ်နေကြပါတယ်။

Zawgyi

ဖလမ္းၿမိဳ႕နယ္ ေက်းရြာအခ်ဳိ႕မွာကိုယ္ထူကိုယ္ထ ညေက်ာင္းဖြင့္

ခ်င္းျပည္နယ္ ဖလမ္းၿမိဳ႕နယ္ ေက်းရြာအခ်ဳိ႕မွာ ကေလးေတြ ေက်ာင္းစာနဲ႔အဆက္မပ်က္ဖို႔ ကိုယ္ထူကိုယ္ထနဲ႔ ညမွာစာသင္ေနၾကတယ္လုိ႔သိရပါတယ္။

ဆုမ္ဟရန္ေက်းရြာမွာဆိုရင္ စက္တင္ဘာလ ၁၄ ရက္ညကစၿပီး ဒုတိယတန္းကေန ၁၀ တန္းေက်ာင္းသူ၊ သားကေလးေတြကို အခန္း ၃ ခန္းခြဲကာ အဂၤလိပ္၊ သခၤ်ာ၊ ျမန္မာ၊ ခ်င္းစာ၊ ပံုဆြဲ၊ စာဖတ္ခ်ိန္ဆုိၿပီးခြဲကာ သင္ၾကားၾကပါတယ္။

တညမွာ အငယ္ဆံုးတန္းကို ၁ နာရီဝန္းက်င္သင္ၾကားကာ အလတ္ တန္းကို ၁ နာရီခြဲ၊ အၾကီးဆံုးတန္းကို ၂ နာရီ စသျဖင့္သင္ေပးၾကပါတယ္။

ေစာင့္ၾကည့္သင္ၾကားေပးတဲ့သူေတြကေတာ့ ရြာထဲက ၁၀ တန္းေအာင္နဲ႔ ၁၀တန္းတက္ေနတဲ့လူငယ္ ၈ ေယာက္က ေစတနာနဲ႔သင္ေပးၾကပါတယ္။

ဒီအစီအစဥ္ကို ဆုမ္ဟရန္ႏွစ္ျခင္းအသင္းေတာ္က ဦးေဆာင္ကာ ရြာထဲက ကေလး ၅၀ ဝန္းက်င္တက္ေရာက္လာၾကပါတယ္။

ဆုမ္ဟရန္ႏွစ္ျခင္းအသင္းေတာ္ သင္းအုပ္ဆရာတပါးက “ဒီအစီအစဥ္ကို လုပ္ဖုိ႔စိတ္ကူးေနတာ အေတာ္ၾကာၿပီ။ ဒါေပမယ့္ ဘုရားေက်ာင္းေဆာက္ေနၾကေတာ့ မလုပ္ျဖစ္ဘူး။ ညမွာလုပ္ရတာက ေစာင့္ေပးတဲ့ေစတနာ့ဝန္ထမ္းေတြက မိသားစုအလုပ္ေတြရွိတယ္။ က်ေနာ္တုိ႔ကလည္း လုပ္အားခမေပးႏိုင္ေတာ့ ညမွာစာသင္ေပးျခင္းျဖစ္တယ္။ ဘယ္ခ်ိန္ထိသင္ေပးမလဲဆိုရင္ေတာ့ အစိုးရေက်ာင္းမဖြင့္မခ်င္း စာနဲ႔အဆက္မပ်က္ေအာင္သင္ေပးသြားမယ္။ တျခားရြာေတြဆိုရင္ ဒီအစီအစဥ္စတာ တစ္ပတ္၊ တခ်ဳိ႕ဆိုရင္ တစ္လေတာင္ၾကာေနၿပီ” လို႔ေျပာပါတယ္။

ခ်င္းျပည္နယ္ ဖလမ္းၿမိဳ႕နယ္ နဲ႔ စစ္ကို္င္းတုိင္း ကေလးၿမိဳ႕နယ္က အေျခခံပညာအထက္တန္းေက်ာင္းသူ၊ သားေတြကို ေနာက္လကစၿပီး အြန္လုိင္းကေန အဂၤလိပ္စာေတြသင္ေပးဖို႔ အေမရိကန္အေျခစိုက္ Hope for Tomorrow အဖြဲ႔က စီစဥ္ေနပါတယ္။

ယင္းအစီအစဥ္အတြက္ ျပည္ပမွာေရာက္ရွိေနတဲ့ ခ်င္းတကၠသိုလ္ေက်ာင္းသူ၊သားေတြကို ေစတနာ့ဝန္ထမ္းမွာပါဝင္ဖို႔ဖိတ္ေခၚေနၾကပါတယ္။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်