ပလက်ဝမြို့နယ်တွင် ကျေးရွာမှာစခန်းချတဲ့ စစ်ကောင်စီတပ်သားများက ရွာသားများအား ဆဲဆိုရိုင်းပြမူတွေ ရှိလာ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ကျေးရွာအနီးနား စခန်းချ‌နေထိုင်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရွာသားများရဲ့ပစ္စည်းကို မတန်တဆစျေးနိမ်ပြီးတောင်းရာ ဆဲဆိုရိုင်းပြမူတွေ ပြုလုပ်လာကြောင်းသတင်းရရှိသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရွာသားတွေထံက ဈေးဝယ်ရာ၌ မတန်တဆ ဈေးနိမ်ပြီး ဝယ်ယူတက်ကြသည်။ ၎င်းတို့ ‌ပေးသည့် ဈေးအတိုင်း မရောင်းလျှင် ဆဲဆိုရိုင်းပြမူ‌တွေ ပြုလုပ်သည်ဟု ဒေသခံတွေ ဆိုသည်။

“စစ်သားတွေက ကြက်လာဝယ်တာပါ၊ ဈေးက မတန်တဆနဲ့ ဈေးဆစ်တယ်၊ ကျွန်တော်တို့ လိုချင်တဲ့ ဈေးမရတော့ မရောင်းဘူးပေါ့၊ အဲ့ဒါကို စစ်သားတွေက စစ်တပ်ထဲမှာ ဆဲသလိုမျိုး ဆဲတယ်၊ ရိုင်းရိုင်းစိုးင်းစိုင်း ပြောတယ်” ဟု ဆိုသည်။

ထို့အပြင် စစ်ကောင်စီက ၎င်းတို့ လုံခြုံရေးအတွက် စခန်းဘေးပတ်လည်အပြင် ကျေးရွာအနီးနားတွင် မြေမြုပ်မိုင်းတွေ ထောင်ထားပြီး ရွာသားများအား အသွားလာ ကန့်သတ်ထားတယ်လို့ ဒေသခံတွေက ဆိုပါသည်။

Zalen ad

 “ကျွန်တော်တို့က ကိုယ့်ရွာအနီးနားဆိုတော့ ပုံမှန်အတိုင်းသွားလာချင်ကြတယ်၊ အဲ့ဒါကို သူတို့က အသံအကျယ်ကြီးနဲ့ အဲ့ဘက် မသွားနဲ့ သေချင်တာလား၊ မသာပေါ်သွားမယ်ဆိုပြီး မိုက်ရိုင်းစွာ ဆဲဆိုတယ်” ဟု ဆိုသည်။

စစ်တပ်အာဏာသိမ်းပြီး ပလက်ဝမြို့နယ်ရှိ ရွာကြီးတွေမှာ စစ်ကောင်စီက စခန်းချနေထိုင်ပြီး ကျန်းမာရေး၊ လူမူရေးဖြစ် ပြည်သူများအား စည်းရုံးရေးတွေ မကြာခဏ ပြုလုပ်သည်ဟု သိရှိရသည်။

နောက်ဆုံးရသတင်းများ

အမတ ၃၇၁ ကို စစ်ကောင်စီ ကရဟတ်ယာဉ်နဲ့လူအင်အားဖြည့် ၊ ဒုတပ်ရင်းမှူးကိုလည်း ရဟတ်ယာဉ်နဲ့ ခေါ်ဆောင်သွား

မေ ၁၅၊ ၂၀၂၆Zalen မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် ပြည်ဝရွာအခြေစိုက် အမြောက်တပ်ရင်း (အမတ – ၃၇၁) ကို စစ်ကောင်စီတပ်က Mi-17 ထောက်ပံ့ရေးရဟတ်ယာဉ်တစီး နဲ့ တပ်သားအင်အားလာရောက်ဖြည့်တင်းခဲ့ပြီး၊ ဒုတပ်ရင်းမှူး တဦးကိုလည်းပြန်လည်ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ...

ဆက်ဖတ်ရန်