တမူးမြို့နယ်မှာ စိုက်ခင်းတောတဲထဲမှာ အမျိုးသားတစ်ဦး ပစ်သတ်ခံရ

PR၊ ၂၃၊ အောက်တိုဘာ၊ ၂၀၂၃။

Zalen

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ ဟဲဇင်းအုပ်စု စိုက်ခင်းတော အခင်းတဲတစ်တဲတွင်ဦး‌ေသာင်းဘိုဆိုသူ ပစ်သတ်ခံရတယ်လို့သတင်းရရှိပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ် ဟဲဇင်းကျေးရွာအုပ်စု တွင်ရွှေလမ်ပိုငရုပ်ခြံလုပ်ကိုင်နေသူဦးသောင်းဘို အသက်(၆၀)ခန့်ဟာ အောက်တိုဘာ ၁၇ ရက်နေ့ည သန်ခေါင်ခန့်တွင်သေနတ်ဖြင့်ပစ်သတ်ခံရတယ်လို့ ဒေသခံတစ်ဦးထံမှသိရတယ်။

Zalen ad

သူသေဆုံးတာကိုအနီးနားကတဲတွေကသတိမထားမိဘဲ အောက်တိုဘာ ၁၈ ရက်နေ့လည် ၁၁ နာရီခန့်မှသွားတွေ့ကြတော့သူသေနေပြီးဦးခေါင်းကိုသေနတ်နဲ့ပစ်သွားတာလို့သိရတယ်။

 သူကညကတည်းကပစ်သတ်ခံရတာဖြစ်နိုင်ပြီးဘယ်သူ့လက်ချက်လည်းဆိုတာကျ‌ေတာ်တို့လည်းမသိရဘူးလို့ပြောပြပါတယ်။

အလောင်းကိုကားလမ်းထိလူနဲ့ဝိုင်းသယ်ကြပြီးတမူးမြို့လူမူကူညီရေးအသင်းကားနဲ့တမူးပြည်သူ့ဆေးရုံကိုသယ်ဆောင်သွားတယ်လို့ နီးစပ်သူတစ်ဦးထံမှသိရတယ်။

သေဆုံးသူဦးသောင်းဘိုဟာ ဘာရန်ငြိုးရန်စမှရှိသူမဟုတ်ဘဲ ရွှေလမ်ပိုငရုပ်ခြံလုပ်ငန်းဖြင့် အသက်မွေဝမ်းကြောင်းသူဖြစ်ပြီး အရင်ကလည်းတမူးမြို့နယ် ကွန်းတောင်းကျေးရွာစုတွင်ရွှေလမ်ပိုငရုပ်ခြံနဲ့ အခြားအသီးအနှံများစိုက်ပျိုးလုပ်ကိုင်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

တွန်းဇံမြို့နယ် ပြန်လည်ပတ်နိုင်ရေး ဇိုမီးပါတီနဲ့ ရပ်မိရပ်ဖတွေ ညှိနှိုင်းဆွေးနွေး

မေ ၂၅၊ ၂၀၂၆Zalen စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ တွန်းဇံမြို့ရှိ အစိုးရရုံးတွေ စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေအားလုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းစဉ်တွေကို ဆောင်ရွက်လျက်နေတယ်လို့ ဇိုမီးအမျိုးသားပါတီ (ZNP) က ထုတ်ပြန်ပါတယ်။ လက်ရှိ တွန်းဇံမြို့နယ်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်အဖြစ် ...

ဆက်ဖတ်ရန်