ခွင့်မဲ့၊ စစ်ပြေး စစ်သည်တွေ ပြန်လည်တာဝန်ထမ်းဆောင်လာပါက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုမယ်လို့ စစ်ကောင်စီဆို

၄၊ ဒီဇင်ဘာ၊ ၂၀၂၃

Zalen

စစ်ကောင်စီထဲမှ ခွင့်မဲ့၊ စစ်ပြေး စစ်သည်တွေက တပ်ထဲသို့ ပြန်လည်တာဝန်ထမ်းဆောင်ရန် ဆန္ဒပြု ဆက်သွယ်လာပါက ပြန်လည်လက်ခံပေးသွားမယ်လို့ စစ်ကောင်စီက မနေ့ ဒီဇင်ဘာ ၃ ရက်နေ့က အသိပေးထုတ်ပြန်ထားပါတယ်။

ပြန်လည်တာဝန်ထမ်းဆောင်လိုတဲ့ ခွင့်မဲ့၊ စစ်ပြေး စစ်သည်တွေ သတ်မှတ်ကာလတွင်း အကျုံးဝင်တဲ့ စစ်သည်တွေကို သက်ဆိုင်ရာ သို့မဟုတ် နီးစပ်ရာတပ်တွေက ပြန်လည်လက်ခံပေးသွားမယ်လို့ သိရပါတယ်။

Zalen ad

စစ်ကောင်စီက ခွင့်မဲ့၊ စစ်ပြေး စစ်သည်တွေ စစ်မူထမ်းဆောင်ရန်ဆန္ဒပြုတဲ့ သာမန်ပြစ်မူ ကျူးလွန်သူ စစ်သည်တွေကို ပြစ်ဒဏ်လွမ်းငြိမ်းချမ်းသာခွင့် ပေးသွားမယ်လို့ ဖော်ပြထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီး ပြည်သူ့ရင်ခွင်ထံ ခိုလှုံလာတဲ့ စစ်သားနဲ့ ရဲတပ်သား အယောက် ၁၃၇၇၁ ရှိပြီး ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF)အဖြစ် ပြန်လည် တာဝန်ထမ်းဆောင်လာသူ ၄၀၀၀ ကျော်ထိ ရှိတယ်လို့ ပြီးခဲ့ စက်တင်ဘာ ၇ နေ့က အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြည်သူ့ခုံခံတော်လှန်စစ် ၂ နှစ်ပြည့် အစီရင်ခံစာတွင် ဖော်ပြထားပါတယ်။

သတင်း- ခူမီး

နောက်ဆုံးရသတင်းများ

တွန်းဇံမြို့နယ် ပြန်လည်ပတ်နိုင်ရေး ဇိုမီးပါတီနဲ့ ရပ်မိရပ်ဖတွေ ညှိနှိုင်းဆွေးနွေး

မေ ၂၅၊ ၂၀၂၆Zalen စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ တွန်းဇံမြို့ရှိ အစိုးရရုံးတွေ စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေအားလုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းစဉ်တွေကို ဆောင်ရွက်လျက်နေတယ်လို့ ဇိုမီးအမျိုးသားပါတီ (ZNP) က ထုတ်ပြန်ပါတယ်။ လက်ရှိ တွန်းဇံမြို့နယ်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်အဖြစ် ...

ဆက်ဖတ်ရန်