စစ်ကောင်စီ တပ်မနှစ်ခုနဲ့ သတ္တုတွင်းလုပ်ငန်းနှစ်ခုကို ဗြိတိန်ဒဏ်ခတ်

၂၊ ဖေဖော်ဝါရီ၊ ၂၀၂၄

Zalen

လူ့အခွင့်အရေး အကြီးအကျယ်ချိုးဖောက်ပြီး အရပ်သားတွေကို ဖိနှိပ်ရာမှာပါဝင်တဲ့ ခြေမြန်တပ် တပ်မ နှစ်ခုနဲ့ စစ်တပ်လက်အောက်ခံ စီးပွားရေးလုပ်ငန်းနှစ်ခုကို ဗြိတိန်နိုင်ငံက ဖေဖော်ဝါရီ ၁ ရက်မှာ အရေးယူ ပိတ်ဆို့ ဒဏ်ခတ်လိုက်ပါတယ်။

စစ်ကောင်စီတပ်ရဲ့ အမှတ် (၁၀၁) ခြေမြန်တပ်မ၊ အမှတ် (၇၇) ခြေမြန်တပ်မ၊ သတ္တုတွင်းလုပ်ငန်း အမှတ် (၁) နဲ့ အမှတ် (၂) တို့ကို ဗြိတိန်နိုင်ငံက အရေးယူလိုက်တာ ဖြစ်ပါတယ်။

Zalen ad

မြန်မာပြည်သူလူထုတွေကို ရက်ရက်စက်စက်ဖိနှိပ်နေတဲ့လုပ်ရပ်တွေကို ရပ်တန့်သွားဖို့ မြန်မာစစ်ကောင်စီကို တိုးမြှင့်ဖိအားပေးနေတယ်လို့လည်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ် ကင်မရွန်က ထုတ်ပြန် ကြေညာခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီးချိန်ကစလို့ သုံးနှစ်အတွင်း စစ်တပ်နဲ့ ပတ်သက်ဆက်နွယ်နေတဲ့ လူပုဂ္ဂိုလ် ၂၅ ဦးနဲ့ လုပ်ငန်း ၃၃ ခုကို ဗြိတိန်က ပိတ်ဆို့အရေးယူ ထားပါတယ်။

ဗြိတိန်နိုင်ငံရဲ့ အခုလို အရေးယူ ဒဏ်ခတ်မှုကို Burma Campaign UK က ကြိုဆိုထားပါတယ်။

နွေဦးချယ်ရီ

နောက်ဆုံးရသတင်းများ

တွန်းဇံမြို့နယ် ပြန်လည်ပတ်နိုင်ရေး ဇိုမီးပါတီနဲ့ ရပ်မိရပ်ဖတွေ ညှိနှိုင်းဆွေးနွေး

မေ ၂၅၊ ၂၀၂၆Zalen စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ တွန်းဇံမြို့ရှိ အစိုးရရုံးတွေ စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေအားလုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းစဉ်တွေကို ဆောင်ရွက်လျက်နေတယ်လို့ ဇိုမီးအမျိုးသားပါတီ (ZNP) က ထုတ်ပြန်ပါတယ်။ လက်ရှိ တွန်းဇံမြို့နယ်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်အဖြစ် ...

ဆက်ဖတ်ရန်