မလေးရှားမှာ ဖမ်းဆီး ထိန်းသိမ်းထားတဲ့ ရိုဟင်ဂျာလူမျိုး ၁၃၁ ဦး အချုပ်ခန်းဖောက်ပြီး ထွက်ပြေး

၂၊ ဖေဖော်ဝါရီ၊ ၂၀၂၄

Zalen

မ​လေးရှားနိုင်ငံ၊ perak ပြည်နယ် Bidor လူဝင်မှုကြီးကြပ်ရေးဌာနမှ ဖမ်းဆီးထိမ်းသိန်းထားတဲ့ ရိုဟင်ဂျာ လူမျိုး ၁၃၁ ဦးဟာ မနေ့ မလေးစံတော်ချိန် ည ၉း၅၀ မိနစ်ချိန်မှာ အချုပ်ခန်းဖောက်ထွင်းပြီး ထွက်ပြေးသွားကြတယ်လို့ မလေးရှား လဝက အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ထွက်ပြေးလွတ်မြောက်သွားတဲ့ ရိုဟင်ဂျာ ၁၃၁ ဦးထဲမှ ၁ ဦးမှာ ယာဥ်တိုက်မူဖြစ်ပြီး သေဆုံးကာ ကျန်ထွက်ပြေး လွတ်မြောက်နေဆဲဖြစ်တဲ့ ၁၃၀ ဦးကို မလေးရှား လဝကအဖွဲ့တွေက မနေ့က ရှာဖွေမူတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

Zalen ad

” ဒီမနက်မှာ ပဲရတ်နဲ့ ဟိုင်း​ဝေးလမ်းတွေမှာ ထွက်​ပြေးလွတ်​မြောက်သွားတဲ့သူတွေကို လမ်းဘ​လော့လုပ်ပြီး ပိုက်စိပ်တိုက်ရှာ​နေပါတယ်။ အိမ်စီးကားနဲ့ လိုင်းကားတွေကိုလည်း တားဆီးမူတွေ လုပ်ပြီး စစ်ဆေးနေပါတယ်။”လို့မလေးရှားရောက် မြန်မာ တစ်ဦးက Zalen ကို ပြောပါတယ်။

ဒီနေ့ မနက် မလေးရှား လဝက၊ Royal Malaysian Police (PDRM)၊ General Operations Force (PGA) နဲ့ Malaysian Volunteer Department (RELA)မှ တပ်ဖွဲ့ဝင် ၂၇၅ ဦးဖြင့် နေရာအနှံ့ တပ်ဖြန့်ပြီး ရှာဖွေမူတွေ ဆက်လက်ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ထွက်ပြေးလွတ်မြောက်သွားတဲ့ ရိုဟင်ဂျာလူမျိုးတွေနဲ့ ပတ်သက်ပြီး သတင်းအချက်လက်တွေကို ပြည်သူတွေ ပေးပို့ဖို့လည်း မလေးရှား လဝကအဖွဲ့မှ တောင်းဆိုထားပါတယ်။

သတင်း-ဗခေတ်

နောက်ဆုံးရသတင်းများ

ကလေးမြို့မှာ ဓာတ်ဆီတဂါလံ ငါးသောင်းနီးပါး ဈေးတက်လာပြီး လူတဦးကို ၈ထောင်ဖိုးသာ ရောင်းချ

ဧပြီ ၂၊ ၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဓာတ်ဆီတဂါလံ ငါးသောင်းနီးပါးအထိမြင့်တက်လာပြီး ဆီဆိုင် တချို့က အကန့်အသတ်နဲ့သာ ရောင်းချပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိမှာ ဓာတ်ဆီ တလီတာကို ၁၂၀၀၀ ၀န်းကျင်အထိ ဈေးတက်နေပြီး ...

ဆက်ဖတ်ရန်