သုံးနှစ်အတွင်း လွှတ်တော်အမတ် ၂၁ ဦး သေဆုံး

၂၊ ဖေဖော်ဝါရီ၊ ၂၀၂၄
Zalen

စစ်တပ်အာဏာ သိမ်းသုံးနှစ်အတွင်း ဖမ်းဆီးသတ်ဖြတ်ခံရတာအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် လွှတ်တော် ကိုယ်စားလှယ် ၂၁ ဦး သေဆုံးခဲ့တယ်လို့ ပြည်ထောင်စုလွှတ်တော်က ဖေဖော်ဝါရီ ၁ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် လွှတ်တော်ကိုယ်စားလှယ် ၁၄၅ ဦးဟာ ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံခဲ့ရတဲ့ လွှတ်တော်ကိုယ်စားလှယ် ၁၄၅ ဦးထဲ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၁၉ ဦးနဲ့ တိုင်းနဲ့ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ၄၈ ဦး စုစုပေါင်း ၆၇ ဦးဟာ လက်ရှိအချိန်အထိ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲ ဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော်က ထုတ်ပြန်ပါတယ်။

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရပြီး၊ တိုင်းလွှတ်တော်ကိုယ်စားလှယ် နှစ်ဦးက တော့ ထောင်အတွင်းမှာ ဖမ်းဆီးခံထားရစဉ် လုံလောက်တဲ့ ဆေးကုသခွင့်တွေမရလို့ အကျဉ်းထောင်တွင်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

Zalen ad

ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ခုနစ်ဦးနဲ့၊ တိုင်းနဲ့ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁၁ ဦးတို့ဟာ အာဏာသိမ်း သုံးနှစ်တာအတွင်းတိမ်းရှောင်ရင်း ကွယ်လွန်ခဲ့တယ်လို့ ပြည်ထောင်စုလွှတ်တော်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ဟာ လွှတ်တော်ကိုယ်စားလှယ် ၁၉၈ ဦးတို့ရဲ့ နေအိမ်နဲ့ပိုင်ဆိုင်မှုတွေ ချိတ်ပိတ်သိမ်းဆည်းခဲ့ပြီး လွှတ်တော် ကိုယ်စားလှယ် သုံးဦးရဲ့ နေအိမ်တွေကတော့ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပြည်ထောင်စုလွှတ်တော်ရဲ့ ထုတ်ပြန် ချက်မှာ ဖော်ပြပါတယ်။

ဒီအချက်အလက်တွေကို ပြည်ထောင်စုလွှတ်တော်ရဲ့ ဆဌမအကြိမ်‌မြောက် အစည်းအဝေးကို အွန်လိုင်းဗီဒီယိုစနစ်နဲ့ ဖေဖော်ဝါရီလ ၁ နေ့ကစလို့ ကျင်းပနေတာဖြစ်ပြီး အစည်းအဝေး ပထမရက်မှာ အတည်ပြုထုတ်ပြန်လိုက်တာပါ။

ပြည်ထောင်စုလွှတ်တော်ရဲ့ ဆ‌ဌမအကြိမ် အစည်းအဝေးကို ကိုယ်စားလှယ် ၂၁၁ ဦး တက်ရောက်ခဲ့တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ထုတ်ပြန်ထားပါတယ်။

နွေဦးချယ်ရီ

နောက်ဆုံးရသတင်းများ

တွန်းဇံမြို့နယ် ပြန်လည်ပတ်နိုင်ရေး ဇိုမီးပါတီနဲ့ ရပ်မိရပ်ဖတွေ ညှိနှိုင်းဆွေးနွေး

မေ ၂၅၊ ၂၀၂၆Zalen စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ တွန်းဇံမြို့ရှိ အစိုးရရုံးတွေ စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေအားလုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းစဉ်တွေကို ဆောင်ရွက်လျက်နေတယ်လို့ ဇိုမီးအမျိုးသားပါတီ (ZNP) က ထုတ်ပြန်ပါတယ်။ လက်ရှိ တွန်းဇံမြို့နယ်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်အဖြစ် ...

ဆက်ဖတ်ရန်