အိန္ဒိယ-မြန်မာနယ်စပ်မှာ စစ်ဘေးရှောင် ကျောင်းသူ/သား အချို့ အကူအညီလိုအပ်နေ

၁၂၊ ဧပြီ၊ ၂၀၂၄

Zalen

စစ်ကိုင်းတိုင်း၊ တမူးမြို့အထက်ပိုင်း အိန္ဒိယ-မြန်မာ နယ်စပ်မှာ စစ်ဘေးရှောင်နေကြတဲ့ ကျောင်းသူ/သား အချို့ အကူအညီလိုအပ်‌နေတယ် လို့သိရပါတယ်။

“အဓိကကလေးတွေ လိုအပ်တာက စာအုပ်၊ဘော်ပင်၊ ခဲတံနဲ့ အခြားကျောင်းသုံးစာအုပ်တွေ တအားလိုအပ်တယ်။ အခုထိ ဘယ်အဖွဲ့ကလည်း လာကူညီတာ၊ လာလှူဒါန်းတာ မရှိသေးဘူး” လို့ စစ်ရှောင်ကလေးများအရေး ဆောင်ရွက်နေသူ တစ်ဦးက ပြောပြပါတယ်။

Zalen ad

အဆိုပါ စစ်ရှောင်ကလေးများဟာ နာဂ ကိုယ်ပိုင်ကျောင်းတွေမှာ ပညာသင်ကြားနေကြ တာဖြစ်ပြီး ကျောင်းအပ်ခ ရှုပီး ၂၅၀၀ ၊ လစဉ်စဉ်ကျေး ရှုပီး ၅၀၀ ပေးရကာ အလုပ်အကိုင်မရှိတဲ့ အောက်ခြေလူတန်းစားတွေအတွက် မလွယ်လှဘူးလို့ စစ်ရှောင်တစ်ဦးက ပြောပါတယ်။

ထို့အပြင် ၎င်းကျောင်းမှာ မြန်မာဘာသာနဲ့ သင်္ချာ ကိုထည့်သွင်းသင်ကြားဖို့ အကူအညီ တောင်းထားကြကာ CDM ဆရာမအပါအဝင် မြန်မာ ဆရာမ နှစ်ယောက်က သင်ကြားပေးတယ်လို့ လည်း ပြောပြပါတယ်။

၎င်းကျောင်းတွေဟာ အိန္ဒိယ နယ်စပ် ဝမ်လီကျေးရွာ၊ ကင်ဆင်၊ ကျလှော်၊ စကစ်၊ ကျေးရွာတွေ ဖြစ်ပြီး မြန်မာစစ်ရှောင် ကျောင်းသူ/သား ၃၀၀ ကျော် တက်ရောက်ပညာသင်ကြားတာလို့ သိရပါတယ်။

၎င်းပြင် အခြားကျေးရွာတွေမှာလည်း မြန်မာ စစ်ရှောင်း ကျောင်းသူ/သား ၈၀၀ ကျော် ရှိတယ်လို့လည်း စစ်ရှောင်များပြောပြချက်အရသိရပါတယ်။

မြန်မာစစ်ဘေးရှောင် ကော်မတီ(ကဘော်ချိုင့်ဝှမ်း) အဖွဲ့ အနေနဲ့ တမူးအထက်ပိုင်းဒေသရှိ စစ်ဘေးရှောင် ကျောင်းများကို မဏိပူရ်ပြည်နယ် လူမျိူးရေးပဋိပက္ခ ကြောင့် သွားလာဖို့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေလို့ ကူညီထောက်ပံမှုကို လက်လှမ်း မမှီဖြစ်နေတာလို့ သိရပါတယ်။

သတင်း – PR

နောက်ဆုံးရသတင်းများ

ကလေးမြို့မှာ ဓာတ်ဆီတဂါလံ ငါးသောင်းနီးပါး ဈေးတက်လာပြီး လူတဦးကို ၈ထောင်ဖိုးသာ ရောင်းချ

ဧပြီ ၂၊ ၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဓာတ်ဆီတဂါလံ ငါးသောင်းနီးပါးအထိမြင့်တက်လာပြီး ဆီဆိုင် တချို့က အကန့်အသတ်နဲ့သာ ရောင်းချပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိမှာ ဓာတ်ဆီ တလီတာကို ၁၂၀၀၀ ၀န်းကျင်အထိ ဈေးတက်နေပြီး ...

ဆက်ဖတ်ရန်