ကိုယ်ပိုင်စက်လှေဖြင့်ခရီးသွားသူတွေလိုင်စင်ကြေးကောက်ခံပါက ထိရောက်စွာအရေးယူမယ်

ပလက်ဝမြို့နယ်အတွင်း ကိုယ်ပိုင်စက်လှေနဲ့ခရီးသွားလာသူတွေကို လိုင်စင်ကြေးမကောက်ဖို့၊ ကိုယ်ပိုင်စက်လှေနဲ့အခကြေးငွေယူပြီးတင်ဆောင်ပါက ထိရောက်စွာအရေးယူမယ်လို့ ပလက်ဝမြို့နယ် စည်ပင်ယာသာရေးအဖွဲ့က အောက်တိုဘာလ(၃၁)ရက်နေ့စွဲဖြစ်ထုတ်ပြန်လိုက်ပါတယ်။

ပလက်ဝမြို့ဒေသခံ ကိုကျော်အောင်က “ဟွန်ဒါစက်လှေနဲ့ (၅)ဦးထက်ပိုတဲ့ခရီးသည်တွေကို လိုင်းကြေးခဆိုပြီး တစ်ယောက်ကို နှစ်ထောင်ကောက်တယ်။ အဲ့ဒီလိုကောက်တာ ပလက်ဝနယ်တစ်ခုလုံးကောက်တယ်။ ကောက်တဲ့သူတွေကလည်း စည်ပင်မှာတင်ဒါအောင်ထားတဲ့သူတွေဆိုတော့ တင်ဒါကြေးလည်းများတော့ စည်ပင်နဲ့ညိုပြီးကောက်ကြတာပေါ့။ ဒီလိုလိုင်းကြေးကောက်တာက ၂၀၁၀ မတိုင်ခင်ကတည်းကကောက်တယ်။ ပြည်သူတွေက မပြောရဲ၊ မဆိုရဲ၊ ထိပ်တိုက်ရင်မဆိုင်ရဲလို့သာမပြောကြတာ”လို့ပြောပါတယ်။

ပြည်နယ်စည်ပင်ဝန်ကြီးဌာနက အောက်တိုဘာ(၂၉)နေ့စွဲဖြင့် ကိုယ်ပိုင်စက်လှေတွေဆီက လိုင်းကြေးခကောက်ခံခြင်းကို နိုဝင်ဘာ(၁)ရက်စပြီးရပ်ဆိုင်းဖို့ထုတ်ပြန်ထားပါတယ်။

ပလက်ဝမြို့နယ်မှာ အခုလိုလိုင်းကြေးကောက်ခံတဲ့နေရာ (၆)ခုရှိပါတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

မြို့သိမ်းတိုက်ပွဲသတင်းတွေကြောင့် တိမ်းရှောင်ခဲ့ရတဲ့ တီးတိန်မြို့ခံတွေ နေရပ်ပြန်လာ

မေ ၂၂၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ တီးတိန်မြို့မှာ မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားမှာကို စိုးရိမ်ပြီး ဘေးလွတ်ရာကို ကြိုတင်တိမ်းရှောင်သွားခဲ့ကြတဲ့ ဒေသခံပြည်သူတွေဟာ ယခုရက်ပိုင်းအတွင်း မြို့ပေါ်ကို ပြန်လည်ဝင်ရောက်လာနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလလယ်ပိုင်းနဲ့ မေလဆန်းပိုင်းကစပြီး တီးတိန်မြို့မှာ ...

ဆက်ဖတ်ရန်