သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံးနိုင်ငံတွေထဲ အဆင့် ၁၇၁ နေရာမှာ မြန်မာ ရှိနေ

၃၊ မေ၊ ၂၀၂၄

Zalen

သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံး နိုင်ငံတွေထဲမှာမြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၇၁ နေရာမှာ ရပ်တည် နေပါတယ်။

နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ ၂၀၂၄ ခုနှစ်အတွက် ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားတာပါ။

Zalen ad

မြန်မာနိုင်ငံဟာ သတင်းလွတ်လပ်ခွင့် အခြေအနေ အဆိုးဆုံးအဆင့်နိုင်ငံတွေထဲမှာ ပါဝင်နေတာလည်းဖြစ်ပါတယ်။

” ဒီကာလကတော့ တကယ်ကို ကြပ်တည်းပါတယ်။ ပြည်တွင်းထဲမှာ နေပြီး သတင်းရေးနေရတော့ ပိုဆိုးတယ်။ အလှမ်းဝေးတဲ့နေရာတွေဆို ကိုယ်တိုင် သတင်းသွားဖို့ အရမ်းခက်ခဲပါတယ်။ ဖုန်းနဲ့ဆက်သွယ် ရတဲ့အခါမှာ ကိုယ့်ပြောတာတွေကို ကြားဖြတ်နားထောင်မလားလို့ အမြဲစိုးရိမ်းနေရတယ်။” လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ သတင်းသမားတစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ နောက်မှာတော့ တရုတ်၊ ဘာရိန်း၊ ဗီယက်နမ်၊ တာ့ခ်မင်နစ္စတန်၊ အီရန်၊ မြောက်ကိုရီးယား၊ အာဖဂန်နစ္စတန်၊ ဆီးရီးယား၊ အီရီထရီးယား တို့ ရှိနေပါတယ်။

သတင်းလွတ်လပ်ခွင့်အရှိဆုံး နိုင်ငံတွေထဲမှာတော့ ထိပ်ဆုံးကနေ နော်ဝေ၊ ဒိန်းမတ်၊ ဆွီဒင်၊ နယ်သာလန်၊ ဖင်လန်၊ အက်စ်တိုးနီးယား၊ ပေါ်တူဂီ၊ အိုင်ယာလန်၊ ဆွစ်ဇာလန်နဲ့ ဂျာမဏီနိုင်ငံတွေ ပါဝင်ပါတယ်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကစလို့ မြန်မာနိုင်ငံမှာ သတင်းထောက်တစ်ဦး သတ်ဖြတ်ခံရပြီး သတင်းထောက် ၅၉ ဦးနဲ့ သတင်းမီဒီယာအလုပ်သမား သုံးဦး စုစုပေါင်း ၆၂ ဦး ဖမ်းဆီးခံထားရတယ်လို့လည်း RSF က ဖော်ပြထားပါတယ်။

နယူးယောက်မြို့အခြေစိုက် စာနယ်ဇင်းသမားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (CPJ) ကလည်း မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ သတင်းသမားတွေကို ဖမ်းဆီးထောင်ချတဲ့နေရာမှာ ဒုတိယမြောက် အဆိုးဝါးဆုံး နိုင်ငံဖြစ်တယ်လို့ မတ်လမှာ ထုတ်ပြန်ထားပါတယ်။

သတင်း- Mary

နောက်ဆုံးရသတင်းများ

မရာဒေသမှာ စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းပြီးနောက် လူငယ် ၁၀၀ ကျော်ကို MDF ဖမ်းဆီးခေါ်ဆောင်

ဧပြီ ၈၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ မရာဒေသမှာ မရာနယ်မြေကာကွယ်ရေးတပ်ဖွဲ့ (MDF) က စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းလိုက်ပြီးနောက် ဒေသခံလူငယ် ၁၀၀ ကျော်ကို စစ်မှုထမ်းဖို့အတွက် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၄ ...

ဆက်ဖတ်ရန်