မင်းတပ်မြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီမှလေကြောင်းတိုက်ခိုက်မှု ထပ်မံကျူးလွန်

၂၂ ၊ မေ ၊ ၂၀၂၄

Zalen

ချင်းပြည်နယ်၊မင်းတပ်မြို့နယ်အတွင်း ရှိ မောင်းချောင်း၊ယောချောင်း တစ်လျှောက် ကို ဒီနေ့ နေ့လည် ၁၂ နာရီဝန်းကျင်တွင် ဂျက်ဖိုက်တာ ၂စီးဖြင့် အကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ် ခဲ့တယ်လို့သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီ က ချောင်းတစ်လျှောက်ကို ပေါင် ၅၀၀ဗုံးသီး ၄လုံးကြဲပီး၊ရော့ကစ် ပွိုင့် ဖိုက်များဖြင့်လည်းထပ်မံပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။လေကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးချိန် တစ်ဆက်တည်းမှာပဲ မင်းတပ်မြို့ပေါ်တွင်တပ်စွဲထားတဲ့ ခလရ ၂၇၄ တပ်ရင်း လက်နက်ကြီးများဆက်တိုက်ပစ်ကူနေတယ်လို့သိရပါတယ်။

Zalen ad

လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး “ကျွန်တော်တို့ခေါင်းပေါ်ကနေပစ်နေတာ၊ကျွန်တော်တို့ကတောင်ယာမှာနေတာ၊ရွာကိုပစ်တယ်လို့ထင်တယ်။ သတင်းပြန်ကြားရတော့ ထိခိုက်မှုမရှိဘူးပြောကြတယ်။ လက်နက်ကြီး လည်းထပ်ပစ်ကူတော့ တောင်ယာပေါ်ကျတာလည်းရှိတယ်။ ဝုမ်းခုမ်ရွာက ဘုန်းကြီးကျောင်း ထိတယ်”လို့ ဒေသခံပြည်သူတစ်ဉီးက Zalen ကိုပြောပါတယ်။

မင်းတပ်မြို့နယ်အတွင်း မေလ ၁ ရက်နေ့မှ ၂၂ ရက်နေ့အထိ လေကြောင်းတိုက်ခိုက်မှု ၆ ကြိမ် (JF-12စီး)အထိကျူးလွန်ခံရပြီး ၅ဉီးထက်မနည်းကျဆုံးကာ၊ ၁၅ ဉီးထက်မနည် ဒဏ်ရာရရှိမှုရှိခဲ့တယ်လို့သိရပါတယ်။

မိုးပီအောင်

နောက်ဆုံးရသတင်းများ

မရာဒေသမှာ စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းပြီးနောက် လူငယ် ၁၀၀ ကျော်ကို MDF ဖမ်းဆီးခေါ်ဆောင်

ဧပြီ ၈၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ မရာဒေသမှာ မရာနယ်မြေကာကွယ်ရေးတပ်ဖွဲ့ (MDF) က စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းလိုက်ပြီးနောက် ဒေသခံလူငယ် ၁၀၀ ကျော်ကို စစ်မှုထမ်းဖို့အတွက် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၄ ...

ဆက်ဖတ်ရန်