ဖလမ်းမြို့ပေါ်မှာ CNDF ကပစ်ခတ်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရ

၂၄၊မေလ၊ ၂၀၂၄

Zalen

ချင်းပြည်နယ်၊ ဖလမ်းမြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲဲ့ CNDF က ပစ်ခတ်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

မနေ့ မေလ ၂၃ ရက် ညနေ ၃နာရီဝန်းကျင်မှာ ဖလမ်းမြို့ပေါ် ဆောက်လုပ်ရေးရုံး နားမှာရှိတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို သွားရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး ပခုံးမှာ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

Zalen ad

“မနေ့ညနေ ၃ နာရီဝန်းကျင်မှာ ဆောက်လုပ်ရေးရုံး နားမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို သွားရောက် ပစ်ခတ်တာပါ။ စကစ တစ်ယောက် ပခုံး ထိပြီးတော့ဒဏ်ရာရသွားတယ်။ ကျွန်တော်တို့ဘက် အထိအခိုက်မရှိ ပြန်ဆုတ်နိုင်တယ်။ CNDF ဘက်က သွားရောက် ချောင်းမြောင်းပစ်ခတ်တာဖြစ်ပြီး တော့ ပစ်ခတ်ချိန်လည်း သိပ်မကြာဘူး”လို့ CNO/CNDF ပြန်ကြားရေး တာဝန်ခံက Zalen ကိုပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၃ ရက်တုန်းကလည်း မြို့စစ်ဆင်ရေး အတွက်မိုင်းထောင်ဖို့ သွားတဲ့ CNDF ရဲဘော်များနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကြား ထိတွေ့ပစ်ခတ်မှုဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။

သတင်း- Mickey

နောက်ဆုံးရသတင်းများ

မရာဒေသမှာ စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းပြီးနောက် လူငယ် ၁၀၀ ကျော်ကို MDF ဖမ်းဆီးခေါ်ဆောင်

ဧပြီ ၈၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ မရာဒေသမှာ မရာနယ်မြေကာကွယ်ရေးတပ်ဖွဲ့ (MDF) က စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းလိုက်ပြီးနောက် ဒေသခံလူငယ် ၁၀၀ ကျော်ကို စစ်မှုထမ်းဖို့အတွက် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၄ ...

ဆက်ဖတ်ရန်