ကလေးမြို့ အင်ဒိုင်းလေးအကျဉ်းထောင်မှာ ကျန်းမာရေးမကောင်းသူများ ဆေးရုံမှာကုသခွင့်တောင်းပေမယ့်လက်မခံ

၂၉၊ မေလ၊ ၂၀၂၄။

Zalen

ကလေးမြို့ အင်ဒိုင်းလေးအကျဉ်းထောင်မှာ ကျန်းမာရေးမကောင်းတဲ့အကျဉ်းသူ၊အကျဉ်းသားတွေကို အပြင်ဆေးရုံမှာ ကုသခွင့်တောင်းပေမယ့် ထောင်ပိုင်တွေက လက်မခံကြဘူးလို့သိရတယ်။

နိုင်ငံရေးမှုဖြင့်အမှုဖွင့်ထောင်ချခံရတဲ့ အင်ဒိုင်းလေးအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား အမျိုးသမီးတစ်ဦးဟာ လက်ရှိ အစာအိမ်ရောဂါ ဆိုးဆိုးရွားရွားခံစားနေရတယ်လို့ မိသားစုဝင်တွေထံက သိရတယ်။

Zalen ad

၎င်းနဲ့နီးစပ်သူတစ်ဦးက “အဖမ်းခံရချိန် ဒကစ ထဲမှာ ရိုက်နှက်ပြီး စစ်ဆေးမေးမြန်းသူတွေက ချွေးသလိပ်များကို ဗူးတစ်ခုထဲထည့်ကာ သူမအပါအဝင် သူမနဲ့အတူအမှုတွဲအားလုံးကို သောက်ခိုင်းတယ်။ မသောက်ရင် ပစ်သတ်မယ်လို့ခြိမ်းခြောက်ပြီး အတင်းသောက်ခိုင်းကြတယ်။ ရိုက်နှက်ခံရချိန်မှာလည်း အစာအိမ်အတော်ထိတယ်။ အစာကိုလည်း ခဏခဏ ငတ်ခံထားတယ်။ နဂိုကတည်းက သူက ပန်းနာရင်ကြပ်အခံရှိတယ်။ အထဲမှာတော့ ဆေးတွေဝယ်သောက်ချင်ရင် ပိုက်ဆံများများလောင်းမှရတယ်။ ဆေးတွေကလည်း သမန်ကာလျှံကာဆေးတွေပဲ။ ဘာလာလာ ပါရာနဲ့ ဘာမီတွန်တွေလောက်ပဲပေးတယ်။ အပြင်ဆေးရုံးလုံးဝ ထွက်ခွင့်မပေးဘူးလို့ သိရတယ်”လို့ပြောပါတယ်။

၎င်းအပြင် လူကြီးပိုင်းအမျိုးသားတစ်ယောက်လည်း ကျန်းမာရေးဆိုးရွားလို့ အပြင်ဆေးရုံမှာ ဆေးကုသခွင့်တောင်းပေမယ့် ငြင်းပယ်ခံရတယ်လို့သိရတယ်။

အကျဥ်းထောင်ရဲ့လက်စွဲ ဥပဒေ အရ အကျဥ်းသား အကျဥ်းသူ တစ်ဦးဟာ အပြင်ဆေးရုံမှာ ဆေးကုသခွင့် အပြည့်အဝ ရှိရပါတယ်။

အကျဉ်းထောင်မှာ သေဆုံးခါနီးအကျဉ်းသားလူနာများသာ ကလေးမြို့ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပြီး ယင်းသို့ပို့ဆောင်ပြီးနာရီပိုင်းမှာပဲ ဆေးရုံမှာသေဆုံးတဲ့ အကျဉ်းသားအရေအတွက် မနည်းတော့ပါ။

သတင်း- EP

နောက်ဆုံးရသတင်းများ

စစ်တပ်က ခမ်းပါတ်မြို့အတွင်း လူနေအိမ်၊ ဆိုင်ခန်းတွေက တန်ဖိုးရှိပစ္စည်းများကို ခိုးယူနေ

ဇူလိုင် ၉၊ ၂၀၂၆Zalen စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ခမ်းပါတ်မြို့မှာ စစ်တပ်က တိုက်ပွဲအတွင်း လူနေအိမ်နဲ့ ဆိုင်းခန်းတွေမှ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူသယ်ထုတ်နေကြတယ်လို့ ဒေသတွင်း သတင်းအရင်းမြစ်များအဆိုအရသိရပါတယ်။ ပြီးခဲ့တဲ့အပတ်က ခမ်းပါတ်မြို့မှာတိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် စစ်အုပ်စုက နေအိမ်တချို့နဲ့ ဆိုင်ခန်းတချို့မှာ တန်ဖိုးပစ္စည်းများကို ...

ဆက်ဖတ်ရန်