မီဇိုရမ်ကို စစ်ဘေးရှောင်လာကြတဲ့ ဘင်္ဂလားဒေ့ရှ်က ချင်းမျိုးနွယ်စုများကို နယ်ခြားစောင့်တပ်က ပြန်လည် နှင်ထုတ်တဲ့အပေါ် ပြည်နယ်အစိုးရက တာဝန်ယူပေးရန် ZORO တောင်းဆို

၇၊ဇူလိုင်၊ ၂၀၂၄

Zalen

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခများကြောင့် မိမိအသက်လုံခြုံရေးအတွက် မီဇိုရမ်ပြည်နယ်ထဲကို စစ်ဘေးရှောင်လာကြတဲ့ ချင်းမျိုးနွယ်စုတွေကို နယ်ခြားစောင့်တပ် (Border Security Force – BSF) က ပြန်လည်နှင်ထုတ်ခဲ့တာဟာ Zo Re-Unification Organization – ZORO အဖွဲ့အတွက် ရင်နာစရာကောင်းတာ ကြောင့် ပြည်နယ်အစိုးရက တာဝန်ယူပေးဖို့ တောင်းဆိုလိုက်ပါတယ်။

ကူကီးအမျိုးသားတပ်ဦး (Kuki National Front – KNF) နဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရကြားမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခ တွေကြောင့် ဒေသခံပြည်သူများဟာ ပြီးခဲ့တဲ့ ၂၀၂၂၊ ၂၀၂၃ ခုနှစ်များကစပြီး မီဇိုရမ်ထဲကို ထွက်ပြေး တိမ်းရှောင်လာခဲ့ ကြရာ မီဇိုရမ်အစိုးရနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက အဘက်ဘက်ကနေ ကူညီပေးခဲ့ ကြတယ်လို့ သိရပါ တယ်။

Zalen ad

၂၀၂၄ ခုနှစ် ဇွန်လလယ်ပိုင်းမှာ ဘင်္ဂလားဒေ့ရှ်ကနေ မီဇိုရမ်ထဲကို လူပေါင်း ၂၀၃ ဦး ထွက်ပြေး လာခဲ့ကြရာ နယ်ခြားစောင့်တပ်- BSF တွေက နယ်စပ်ဖြတ်ကျော်ခွင့်မပေးဘဲ သူတို့ကို ပြန်လည်မောင်းထုတ်ခဲ့ပါတယ်။ ဒါ့အပြင် ဇူလိုင်လ ၅ ရက်နေ့မှာ မီဇိုရမ်ပြည်နယ် အမှတ် ၂ Damdep ကိုရောက်ရှိလာကြတဲ့ စစ်ဘေးရှောင် အိမ်ထောင်စု ၃၂ စုမှ လူဦးရေ ၉၃ ဦးတို့ကို Damdep ခန်းမထဲကို ခေါ်ဆောင်သွားကြပြီး နာမည်စာရင်းများ ကောက်ခံကာ သူတို့အားလုံးကို ညတွင်းချင်း ဘင်္ဂလားဒေ့ရှ်ဘက်ကို ပြန်လည်ပို့ဆောင်ခဲ့ကြတယ်လို့ သိရပါ တယ်။

ယခုလို အခက်အခဲကြုံတွေ့နေတဲ့ အချိန်မှာ သွေးချင်းညီအကိုတွေဖြစ်တဲ့ မီဇိုရမ်ဘက်ကို စစ်ဘေးရှောင်လာ ကြတဲ့ သူတွေကို တောတောင်တွေမှာပြန်နေထိုင်ဖို့ နယ်ခြားစောင့်တပ် – BSF က ပြန်လည်နှင်ထုတ်တာဟာ ZORO အတွက်ရင်နာစရာ လုပ်ရပ်ဖြစ်ရုံသာမက BSF အနေနဲ့ ချင်း မျိုးနွယ်စုတွေကို အထင်သေးရာ ရောက်တယ်လို့ မှတ်ယူထားကြောင်း ZORO ကဆိုထားပါတယ်။

ဒါကြောင့် ယခုလိုမျိုး အသက်လုံခြုံရေးအတွက် မီဇိုရမ်ဘက်ကို ဝင်ရောက်ခိုလှုံလာကြတဲ့ ဘင်္ဂလားဒေ့ရှ် ဘက်က ညီအကိုတွေ စိတ်မပျက်စေဖို့ ပြည်နယ်အစိုးရကနေ လုပ်ဆောင်ပေးဖို့ ZORO က တောင်းဆို လိုက်တာဖြစ်ပါတယ်။

မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်ကလည်း ဇူလိုင်လ ၆ ရက်နေ့ နယူးဒေလီမှာ အိန္ဒိယဝန်ကြီးချုပ် Narendra Modi နဲ့တွေ့ဆုံကာ ဘင်္ဂလားဒေ့ရှ့်ကနေ မီဇိုရမ်ဘက်ကို စစ်ဘေးရှောင်လာကြတဲ့ ချင်းမျိုးနွယ်စုများကို ဘယ်လိုနည်းနဲ့မှ ပြန်မမောင်းထုတ်နိုင်ဘူးလို့ ပြောဆိုကြောင်း သူရဲ့လူမှုကွန်ယက်စာမျက်ကနေ ဖော်ပြထား ပါတယ်။

သတင်း – Grace

နောက်ဆုံးရသတင်းများ

အမေရိကန်တွင် မာစတာဘွဲ့တက်ရောက်ရန် Fulbright ပညာသင်ဆု လျှောက်လွှာများ စတင်ခေါ်ယူ

မတ် ၁၈၊ ၂၀၂၆Zalen အမေရိကန်မှာ မာစတာဘွဲ့ (Master’s Degree) တက်ရောက်လိုတဲ့ မြန်မာကျောင်းသားတွေအတွက် Fulbright Foreign Student Program (2027-2028) ပညာသင်ဆု လျှောက်လွှာတွေကို အမေရိကန်သံရုံးက စတင်ခေါ်ယူနေပြီ ဖြစ်ပါတယ်။ ဒီပညာသင်ဆုဟာ ...

ဆက်ဖတ်ရန်