မိုးကြီးလို့ မြစ်‌ ရေတက်ပြီး ရန်ကုန်အပါအ၀င်  မြို့ ၁၃ မြို့မှာ ရေဘေးကြုံတွေ့နေရ

၂၉၊ ဇူလိုင်၊ ၂၀၂၄

Zalen

ရန်ကုန်၊ ပဲခူးလိုမြို့ကြီးတွေ အပါအ၀င် မြန်မာနိုင်ငံအနှံ့ မြို့ပေါင်း ၁၃ မြို့ထက်မနည်းမှာ ရေးကြီးရေလျှံနေပြီး ဒေသခံတွေ ရေဘေးကြုံတွေ့နေရတယ်လို့ သိရပါတယ်။

Zalen ad

ဇူလိုင် ၂၇ ရက်နေ့ကစပြီး မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရန်ကုန်မြို့ထဲက မြောက်ဒဂုံ၊ တောင်ဒဂုံမြို့တွေမှာ ရေကြီး ရေလျှံနေဖြစ်ပါတယ်။

စစ်ကောင်စီ မိုးလေသဝဌာနနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကလည်း မြို့နယ် ၁၃ မြို့နယ်မှာ မိုးကြီးမှုကြောင့် မြစ်ရေတက်နေပြီး ရေဘေးကြုံတွေ့နေရကြောင်း ဇူလိုင် ၂၈ ရက်နေ့ညမှာ ထုတ်ပြန်ထားပါတယ်။

ပဲခူးတိုင်းက ပဲခူးမြို့၊ ရွှေကျင် မြို့၊ မဒေါက်မြို့၊ ဧရာ၀တီတိုင်းက ဇလွန်၊ ဟင်္သာတမြို့၊ ဆိပ်သာမြို့၊ ငါးသိုင်းချောင်း၊ သာပေါင်း၊ မအူပင်၊ ပုသိမ်မြို့၊ မွန်ပြည်နယ်က ဘီလင်း၊  ကရင်ပြည်နယ်က ဘားအံ၊ မြ၀တီမြို့ စတဲ့ မြို့နယ်တွေမှာ အသီးသီး စိုးရိမ်ရေမှတ် ထက်ကျော်လွန်နေတယ်လို့ ဆိုပါတယ်။

ပဲခူးမြို့မှာ ရေကြီးမှုကြောင့် မြို့ပေါ်ရပ်ကွက် ဒေသခံတွေ အရေးပေါ်ရွေ့ပြောင်းနေရပြီ ဒေသခံ တစ်သိန်းနီးပါး အကူအညီ လိုအပ်နေတယ်လို့ သိရပါတယ်။

”  မိုးက အဆက်မပြတ်ရွာနေတာ။ ဒီတိုင်းဆက်ရွာနေရင် မြစ်ရေက တက်လာဦးမှာပဲ။ မနှစ်ကလို အခြေနေဆိုးလောက်တယ်။ တချို့ကတော့ အမြင့်ပိုင်းကို ပြောင်းကြပြီ။ မပြောင်းရွှေ့ရသေးတဲ့သူတွေလည်း ရှိသေးတယ်။ ” လို့ ပဲခူး ဒေသခံတစ်ဦးက ပြောပါတယ်။

ပဲခူးတိုင်း ညောင်လေးပင်ခရိုင်(ခလယ်လွီထူ) မှာ ကျေးရွာပေါင်း ၂၄ ရွာ ရေကြီးနစ်မြုပ်နေပြီး ထောင်နဲ့ချီတဲ့ဒေသခံတွေ  စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အမိုးအကာတွေ အရေးပေါ်လိုအပ်နေတယ်လို့   KNU ဗဟိုက ဇူလိုင်လ ၂၇ ရက်နေ့က  ထုတ်ပြန်ထားပါတယ်။

ကရင်ပြည်နယ်၊ မြဝတီမြို့မှာ ရေးကြီးမှုကြောင့် ကလေးတစ်ဦးအပါအဝင် ဒေသခံသုံးဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

 ရေဘေးကြုံနေတဲ့ဒေသတွေထဲက မြို့ ၁၁ ခုမှာ မြစ်ရေဟာ အဲဒီမြို့တွေရဲ့ စိုးရိမ်ရေအမှတ်အထက်မှာ ဆက်ရှိနေနိုင်တယ်လို့လည်း မိုးလေသဝဌာနနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

Helen

နောက်ဆုံးရသတင်းများ

“Made In India” ထုတ်ကုန်များအပေါ် အမေရိကန်က အခွန် ၁၈ ရာခိုင်နှုန်း လျှော့ချကောက်ခံမည်

အမေရိကန်နဲ့ အိန္ဒိယတို့သည် ကုန်သွယ်ရေးသဘောတူညီချက်တရပ်အား ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ရက် တနင်္လာနေ့တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တယ်လီဖုန်းဖြင့် ဆွေးနွေးပြီးနောက် အချိန်အတော်ကြာ ပြဿနာအမျိုးမျိုးကြောင့် တင်းမာနေခဲ့သည့် အိန္ဒိယ–အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးအတွင်း အပြုသဘော ဆောင်သော အလှည့်အပြောင်းတရပ် ပေါ်ပေါက်လာခဲ့ပါတယ်။ ...

ဆက်ဖတ်ရန်