မော်လိုက်မြို့မှာ စစ်မှုထမ်းဖို့လူငယ်များကို ပေါ်တာဆွဲလို့ လူငယ် ၅၀ ကျော်ပါသွား

၂၇၊ စက်တင်ဘာ ၂၀၂၄

Zalen

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့မှာ စစ်ကောင်စီနဲ့ ပျူစောထီးအဖွဲ့များက စစ်မှုထမ်းဖို့ လူငယ်များကို ပေါ်တာဆွဲနေလို့ လူငယ် အယောက် ၅၀ကျော်ပါသွားပြီလို့ ဒေသခံများကပြောပါတယ်။

“မော်လိုက်မြို့ပေါ်မှာ နေ့စဉ် ရက်ဆက် ပေါ်တာဆွဲခံနေရတာပါ။ ခရီးသွားပြည်သူတွေကို ညမှာတည်းခိုခန်း၊ စားသောက်ဆိုင်နဲ့ မြို့ခံတွေကို နေအိမ်ထိ လိုက်ဆွဲကြတာဗျ” လို့ ဒေသခံတစ်ဦးက Zalen ကိုပြောပါတယ်။

Zalen ad

စက်တင်ဘာလ ၃ရက်နေ့ကနေ စတင်ပြီး စစ်ကောင်စီများ လိုက်လံပေါ်တာဆွဲလို့ ယင်းနေ့မှာပဲ ၁၂ ယောက်ပါသွားခဲ့ပြီး နေ့စဉ် ၃ယောက်နှုန်း ဆွဲခံရလို့ ယခုလအတွင်းမှာပဲ ဒေသခံ အရောက် ၅၀ကျော် ပေါ်တာဆွဲခံနေရပြီလို့ ဒေသခံများထံမှ သိရပါတယ်။

မော်လိုက်မြို့နယ်မှာ ဒေသတော်လှန်ရေးတပ်ဖွဲ့များ နယ်တွေမှာ လှုပ်ရှားနေတာကြောင့် စစ်ကောင်စီနဲ့ ပျူစောထီးအဖွဲ့က မော်လိုက်မြို့ပေါ်မှာပဲ ထင်တိုင်ကျဲ အဓမ္မ ပေါ်တာဆွဲနေတာကြောင့် ဒေသခံများနဲ့ ခရီးသွားပြည်သူများအထူးသတိထားဖို့ လိုအပ်တယ်လို့လည်း သိရပါတယ်။

သတင်း – တမူးနွေဦး

နောက်ဆုံးရသတင်းများ

ထိုင်းဝန်ကြီးချုပ်အဖြစ် အနုတင် ဒုတိယအကြိမ် ထပ်မံရွေးချယ်ခံရ

မတ် ၁၉၊ ၂၀၂၆ Zalen ဖုမ်ကျိုင်ထိုင်းပါတီ (BJT) ရဲ့ ခေါင်းဆောင် အနုတင် ချန်ဝီရာကူးဟာ မတ်လ ၁၉ ရက်နေ့ ဒီနေ့မှာကျင်းပတဲ့ ဝန်ကြီးချုပ်ရွေးချယ်ပွဲမှာ ထောက်ခံမဲ ၂၉၃ မဲ ရရှိခဲ့ပြီး ဝန်ကြီးချုပ်အဖြစ် ...

ဆက်ဖတ်ရန်