ရခိုင်ပြည်နယ်မှာ မြို နဲ့ ခမီတိုင်းရင်းသားတွေ လက်နက်ကိုင်ပြီး အေအေကို တိုက်မယ်ဆိုတဲ့ သတင်းအမှား

ဇန်နဝါရီလ ၂၇၊ ၂၀၂၅။

Zalen

ရခိုင်ပြည်နယ်မှာ မြိုနဲ့ ခမီတိုင်းရင်းသားတွေက လက်နက်ကိုင်ပြီး အာရက္ခတပ်တော် (အေအေ) ကို တိုက်ခိုက်မယ်လို့ Kyaw Swer အမည်ရှိ တယ်လီဂရမ်ချန်နယ်က ဇန်နဝါရီလ ၂၄ ရက်နေ့မှာ သတင်းရေးသားဖြန့်ချီခဲ့ပါတယ်။

Kyaw Swer အမည်ရှိ တယ်လီဂရမ်ချန်နယ်က” ဗိုလ်ချုပ် ထွန်းမြတ်နိုင်က နိုင်ငံရေးသူငယ်နှပ်စားပါ။ မြို နဲ့ ခမီတိုင်းရင်းသားတွေကလည်း လက်နက်ကိုင်မယ်၊ AA ကို ပြန်တိုက်မယ်။” လို့ သတင်းရေးသားဖြန့်ချိထားပါတယ်။

Zalen ad

မူရင်းသတင်းလင့်ခ်

အဲ့ဒီသတင်းကို ယမန်နေ့ ဇန်နဝါရီလ ၂၆ ရက်နေ့၊ ညနေ ၅ နာရီအချိန်အထိ Reaction ပေးသူ ၁,၂၀၀ ကျော်၊  Comments ၁၆၆ ခု နဲ့ ကြည့်ရှူသူ ၄၆,၆၀၀ ကျော်ထိရှိပါတယ်။

စိစစ်တွေ့ရှိချက်

__________

Zalen Fack -Checking Team က စိစစ်ကြည့်တဲအခါ ရခိုင်ပြည်နယ်မှာ မြိုနဲ့ ခမီတိုင်းရင်းသားတွေက လက်နက်ကိုင်ပြီး အေအေ ကို တိုက်မယ်ဆိုတာ မတွေ့ရှိရပါဘူး။

ရခိုင်ပြည်နယ်ရှိ မြို့နယ်တွေက ခမီကျေးရွာတွေမှာ ခမီတိုင်းရင်းသားတွေဟာ လက်နက်ကိုင်ဖွဲ့စည်းတာမရှိသလို လက်နက်ကိုပြီး အေအေကို တိုက်ခိုက်မယ်ဆိုတာလည်း မဟုတ်ကြောင်း ခမီတက္ကသိုလ်ကျောင်းသားတစ်ဦးက ပြောပါတယ်။

“ရခိုင်နဲ့ ခမီတွေဟာ ညီအစ်ကိုတွေပါ။ အေအေထဲမှာလည်း ကျွန်တော်တို့ ခမီလူမျိုးတွေရှိတယ်။ ပြီးတော့ ကျွန်တော်တို့ ခမီတွေက လက်နက်ကိုင်ပြီး အေအေကို တိုက်ခိုက်စရာအကြောင်းလည်းမရှိဘူးသလို ပြန်တိုက်ဖို့လည်း ကျွန်တော်တို့မှာ ဘာလက်နက်ကိုင်အဖွဲ့အစည်း မရှိပါဘူး။ ” လို့ သူက ဆိုပါတယ်။

ရခိုင်လူမျိုးနဲ့ ခမီလူမျိုးတွေကြား လူမျိုးရေး သွေးခွဲတာဖြစ်တာကြောင့် သတိရှိဖို့ တိုက်တွန်းထားပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ရေးရှုံးနိမ့်နေတဲ့ စစ်ကောင်စီတပ်ဟာ ရခိုင်နဲ့ ရိုဟင်ဂျာ ပဋိပက္ခဖြစ်အောင် ဖန်တီးသလို မြိုနဲ့ ရခိုင်လူမျိုးကြား ပဋိပက္ခဖြစ်အောင် ထပ်ပြီး ဖန်တီးနေတာဖြစ်တယ်လို့ မြိုနိုင်ငံရေးသမားတစ်ဦးက ပြောပါတယ်။

“အေအေကို လက်နက်ကိုင်ပြီး တိုက်ခိုက်ဖို့ဆိုတာ မြိုလူမျိုးတွေမှာ မရှိပါဘူး။ ဒါက စစ်ကောင်စီလော်ဘီတွေဆီက သတင်းဖြန့်တာဖြစ်တာကြောင့် ရိုဟင်ဂျာနဲ့ ရခိုင်လူမျိုးကြား ပဋိပက္ခဖန်တီးသလို မြိုနဲ့ရခိုင်လူမျိုးကြား ထပ်ပြီး ပဋိပက္ခဖြစ်အောင် လှုံ့ဆော်ဖန်တီးတာဖြစ်ပါတယ်။” လို့ သူက ဆိုပါတယ်။

သုံးသပ်ချက်

________

Kyaw Swer အမည်ရှိ တယ်လီဂရမ်ချန်နယ်ဟာ စစ်ကောင်စီထောက်ခံအားပေးတဲ့ တယ်လီဂရမ်ချန်နယ်တစ်ခုဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ပတ်သက်လို့ မဟုတ်မမှန်သတင်းတွေ ရေးသားဖော်ပြဖြန့်ချိနေတာဖြစ်ပါတယ်။

သတင်းအမှားဖြစ်ကြောင်း စစ်ဆေးထားတာကို အောက်ပါ လင့်ခ်မှာ ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။

https://www.facebook.com/share/p/15zYpeeLoH

အထက်ပါ မြိုနဲ့ ခမီလူမျိုးတွေရဲ့ ပြောဆိုချက်အရ ရခိုင်ပြည်နယ်မှာ မြိုနဲ့ခမီလူမျိုးတွေ လက်နက်ကိုင်ပြီး အေအေကို တိုက်ခိုက်မယ်ဆိုတာ မတွေ့ရှိရပဲ သတင်းအမှားသာဖြစ်ပါတယ်။

စာဖတ်ပရိသတ်အနေနဲ့လည်း အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတွေကို ချက်ချင်းမယုံကြည်ကြပဲ ဒေသတွင်း ယုံကြည်စိတ်ချပြီး လွတ်လပ်တဲ့ သတင်းဌာနတွေမှာ သွားရောက်လေ့လာ ဖတ်ရှုကြဖို့ တိုက်တွန်းချင်ပါတယ်။

Zalen စာဖတ်ပရိသတ်အနေနဲ့လည်း ဒေသတွင်း သတင်းတု၊ သတင်းမှားလို့ ယူဆရတဲ့ သတင်းတွေကို Zalen လူမှုကွန်ရက်စာမျက်နှာ Facebook Chat Box ကနေတဆင့် သတင်းရဲ့ Links (သို့) Screen Short ပုံပေးခြင်းဖြင့် စစ်ဆေးနိုင်ပါတယ်။

နောက်ဆုံးရသတင်းများ

တော်လှန်ရေး အောင်မြင်စွာ ဆင်နွှဲနိုင်ရေးအတွက် NUG နဲ့ K3C တို့ ထပ်မံဆွေးနွေးနေ

ဖေဖော်ဝါရီ ၁၀၊ ၂၀၂၆Zalen တော်လှန်ရေးကို အောင်မြင်စွာ ဆင်နွှဲနိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ K3C အဖွဲ့ဝင်တွေဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကရင်နီတိုးတက်ရေးပါတီ (KNPP) နဲ့ ချင်းအမျိုးသားတပ်ဦး ...

ဆက်ဖတ်ရန်