ဟားခါးမြို့နယ်မှာ ကျောင်းညအိပ်ဘော်ဒါဆောင် မီးလောင်

ဟားခါးမြို့နယ်၊ဆူရ်ခွါးကျေးရွာရှိ အထက်တန်းကျောင်းအတွင်းရှိ ကျောင်းညအိပ် ဘော်ဒါဆောင်အိမ် တစ်လုံး ဒီဇင်ဘာ ၆ ရက် ည (၁၁:၃၀)ခန့်က မီးလောင်မှု ဖြစ်ပွားပါတယ်။

ဖြစ်စဉ်မှာ ကျောင်းညအိပ်ဘော်ဒါဆောင်ရဲ့ မီးဖို မီးကြွင်း မီးကျန်မှ တစ်ဆင့် အနီးရှိ ပျဉ်နံရံသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးသတ်နဲ့ ပြည်သူတွေဝိုင်းဝန်းမီးငြိမ်းသတ်ရာ ည ၁၁း၅၀ နာရီမှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်။

Photo: IPRD Hakha

မီးလောင်မှုကြောင့် (၃၀×၂၀) ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း (၁)ထပ် ကျောင်းညအိပ် ဘော်ဒါဆောင် (၁)ဆောင် မီးလောင်ကျွမ်းခဲ့ပြီး လူများ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိပေ။

နောက်ဆုံးရသတင်းများ

ကလေးမြို့မှာ ဆိုင်ကယ် တစီးကို ဓာတ်ဆီ တသောင်းဖိုးသာ ရောင်းချ

မတ် ၂၄၊ ၂၀၂၆Zalen စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ဓာတ်ဆီ ဈေးတွေတက်လာပြီး စက်သုံးဆီ‌ဆိုင်တွေမှာ အကန့်သတ်နဲ့သာ ရောင်းချနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိမှာ ဓာတ်ဆီ တလီတာကို ၈ထောင်ကျော်အထိ ဈေးတက်နေပြီး ဆိုင်ကယ်တွေကို တစီးကို တသောင်းဖိုးပဲ ...

ဆက်ဖတ်ရန်