ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း နှစ်ဦးရဲ့ နေအိမ်ကို CDF တွန်းဇံ ချိတ်ပိတ်

အောက်တိုဘာ ၂၈၊ ၂၀၂၅

Zalen

စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း နှစ်ဦးရဲ့ နေအိမ်တွေကို CDF တွန်းဇံက ချိပ်ပိတ်လိုက်တယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၂၅ ရက်နေ့မှာ တွန်းဇံမြို့ပေါ်က နေအိမ်တွေကို ချိပ်ပိတ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Zalen ad

အိမ်ချိပ်ပိတ်ခံရသူတွေဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ်လောင်း ဦးကျင်တုန်းမန် ( U Cin Tung Mang) နဲ့ ဇိုမီးအမျိုးသား ပါတီ (ZNP) က ကိုယ်စားလှယ်လောင်း ဦးနန်ခင်းဇမ် (U Nang Khan Zam) တို့ ဖြစ်ပါတယ်။

သူတို့ဟာ ချင်းပြည်နယ်အမျိုသားလွှတ်တော်မှာ အချိုးကျကိုယ်စားပြုစနစ် မဲဆန္ဒနယ် အမှတ် ၁ အတွက် ၀င်ပြိုင်မှာဖြစ်ပါတယ်။

တွန်းဇံမြို့ကို ‌ချင်းတော်လှန်ရေးတပ်တွေက သိမ်းပိုက်ထားတဲ့‌နောက် ဦးကျင်တုန်းမန်နဲ့ ဦးနန်ခင်းဇမ်တို့ဟာ ကလေးမြို့ကို ပြောင်းရွှေ့နေထိုင်ကြပြီး ရွေးကောက်ပွဲ၀င်ပြိုင်ကြတာဖြစ်ပါတယ်။ ဒါကြောင့် တွန်းဇံ မြို့ပေါ်ရှိ သူတို့ရဲ့ နေအိမ်တွေကို ချိပ်ပိတ်ခဲ့တာလို့ သိရပါတယ်။

“ စကစ နဲ့ပတ်သက်လို့ဆိုပြီး သူတို့ကို CDF တွန်းဇံက ဖမ်းသေးတာ၊ နောက်မှ ပြန်လွှတ်ပေးတာ။ ကလေးမှာပြောင်းနေပြီးတော့ အခုရွေးကောက်ပွဲပြိုင်တာ။ ချိပ်ပိတ်တာတော့ အားပေးတယ်၊ ထောက်ခံတယ်။ မြို့ပေါ်ကို ပြန်တောင်မလာရဲဘူးလေ။ ” လို့ ‌တွန်းဇံမြို့ဒေသခံတစ်ဦးက ပြောပါတယ်။

တွန်းဇံမြို့ကို ၂၀၂၄ ခုနှစ်၊ မေလကတည်းက CDF တွန်းဇံနဲ့ ချင်းပြည်ကောင်စီတပ်ဖွဲ့တွေက သိမ်းပိုက်ခဲ့ပြီး လက်ရှိမှာ ပြည်သူ့အုပ်ချုပ်ရေးလည်ပတ်နေတာပါ။

စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲမှာ အပိုင်း ၁ အနေနဲ့ ဟားခါးမြို့နဲ့ တီးတိန်မြို့နယ်တို့ ပါဝင်ပြီး ထန်တလန်မြို့နယ်၊ တွန်းဇံမြို့နယ်နဲ့ ဖလမ်းမြို့နယ်တွေမှာပါ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ပြောထားပါတယ်။

ချင်းပြည်နယ်မှာ စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း ၈၃ ယောက် ပါဝင်ယှဉ်ပြိုင်မယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ထုတ်ပြန်ထားပါတယ်။

Yuki

နောက်ဆုံးရသတင်းများ

တွန်းဇံမြို့နယ် ပြန်လည်ပတ်နိုင်ရေး ဇိုမီးပါတီနဲ့ ရပ်မိရပ်ဖတွေ ညှိနှိုင်းဆွေးနွေး

မေ ၂၅၊ ၂၀၂၆Zalen စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ တွန်းဇံမြို့ရှိ အစိုးရရုံးတွေ စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေအားလုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းစဉ်တွေကို ဆောင်ရွက်လျက်နေတယ်လို့ ဇိုမီးအမျိုးသားပါတီ (ZNP) က ထုတ်ပြန်ပါတယ်။ လက်ရှိ တွန်းဇံမြို့နယ်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်အဖြစ် ...

ဆက်ဖတ်ရန်