ချင်းပြည်နယ်အပါအဝင် နိုင်ငံတစ်ဝှမ်း လေးနှစ်ကျော်အတွင်း အရပ်သားနေအိမ် တစ်သိန်းကျော် မီးရှို့ ဖျက်ဆီးခံရ

နိုဝင်ဘာ ၂၅၊ ၂၀၂၅။

Zalen

ချင်းပြည်နယ်အပါအဝင် နိုင်ငံတစ်ဝှမ်းလုံး လေးနှစ်ကျော်အတွင်း အရပ်သား နေအိမ် ၁၁၆,၈၉၇ လုံး မီးရှို့ခံရတယ်လို့ Data for Myanmar အဖွဲ့က နိုဝင်ဘာ ၂၂ ရက်နေ့မှာ ထုတ်ပြန်ထားတယ်။

Data for Myanmar ရဲ့ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် မေလ ၁ ရက်နေ့မှ ၂၀၂၅ ခုနှစ် မေလ ၃၁ ရက်နေ့အထိ မီးရှို့ဖျက်ဆီးခံရတဲ့ အရပ်သားနေအိမ် စာရင်းတွေဖြစ်ပါတယ်။

Zalen ad

မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ် ၁၁၆,၈၉၇ လုံးမှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ၎င်းတို့လက်အောက်ခံတပ်ဖွဲ့တွေက မီးရှို့ဖျက်ဆီးတဲ့ အရပ်သားနေအိမ် ၁၁၃,၀၅၄ လုံး ပါဝင်တယ်လို့ သိရပါတယ်။

အရပ်သား နေအိမ် ၃,၈၄၀ လုံးဟာ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ထဲမှာ ၂၀၂၄ ခုနှစ်၊ မေလအတွင်းက မီးရှို့ ဖျက်ဆီးခံရတာဖြစ်ပြီး မည်သည့်အဖွဲ့အစည်းက မီးရှို့ဖျက်ဆီးတာကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်းဟာ အရပ်သား နေအိမ်ပေါင်း ၇၆,၉၉၀ လုံး မီးရှို့ဖျက်ဆီးခံရပြီး တစ်နိုင်ငံလုံး မီးရှို့ဖျက်ဆီးခံရတဲ့ အရပ်သား နေအိမ် စုစုပေါင်း ၆၅ ရာခိုင်နှုန်းကျော်ရှိပါတယ်။

ချင်းပြည်နယ်အပါအဝင် မကွေးတိုင်း၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ် နဲ့ ရခိုင်ပြည်နယ်တို့မှာ အရပ်သားနေအိမ်ပေါင်း ၃၇,၉၃၄ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

Data for Myanmar ရဲ့ ထုတ်ပြန်ချက်အရ ချင်းပြည်နယ်မှာ စစ်ကောင်စီရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားနေအိမ် ၁၉၆၃ လုံးရှိတယ်လို့ သိရပါတယ်။

သတင်း-ခူမီး

ဓာတ်ပုံ- လူမှုကွန်ယက်

ပုံစာ- ကလေးမြို့နယ်၊ စက္ကန့်ရွာကို စစ်ကောင်စီက ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ မီးရှို့ခဲ့စ

#နိုင်ငံတစ်ဝှမ်း #မီးရှို့ #အရပ်သားနေအိမ် #Zalen

နောက်ဆုံးရသတင်းများ

၂၀၂၀ မဲစာရင်းရလဒ်မှန်ကန်မှုမရှိဘူးလို့ဆိုတဲ့ အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲ စာရွက်စာတမ်းများကို မီးရှို့ဖျက်ဆီး

ဖေဖော်ဝါရီ ၇ ၊ ၂၀၂၆။ Zalen အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ ၂၀၂၀ ခုနှစ်တုန်းကအသုံးပြုခဲ့တဲ့ ရွေးကောက်ပွဲစာရွက်စာတမ်းများကို ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ကာလကျော်လွန်ပြီလို့ဆိုကာ ၂၀၂၀ ...

ဆက်ဖတ်ရန်