ယာယီခိုလှုံခွင့်ဖျက်သိမ်းခံရတဲ့ အမေရိကန်ရောက် မြန်မာတွေကို မိခင်နိုင်ငံသို့ ပြန်လာပြီးမဲပေးဖို့ ဗိုလ်ချုပ်ဇော်မင်းထွန်း တိုက်တွန်း

နိုဝင်ဘာ၊ ၂၆၊ ၂၀၂၅ ။

Zalen

အမေရိကန်ရောက် ယာယီခိုလှုံခွင့် (TPS) ဖျက်သိမ်းခံရတဲ့ မြန်မာတွေကို မိခင်နိုင်ငံက ကြိုဆိုပြီး မဲပေးဖို့ ပြန်လာကြရန် စစ်ကောင်စီ ဗိုလ်ချုပ် ဇော်မင်းထွန်းက တိုက်တွန်းလိုက်ပါတယ်။

“ကျွန်တော်တို့နိုင်ငံမှာ မကြာမှီ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပတော့မှာ ဖြစ်ပါတယ်။ အမေရိကန်ရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ မြန်မာနိုင်ငံကို ပြန်လာပြီး မဲပေးနိုင်ပါတယ်”လို့ ဗိုလ်ချုပ် ဇော်မင်းထွန်း ပြောကြားချက်ကို ဒီကနေ့ ထုတ်ဝေတဲ့ သတင်းစာထဲမှာ ဖော်ပြထားပါတယ်။

Zalen ad

အမေရိကန်ရောက် မြန်မာနိုင်ငံသားတွေ အမိနိုင်ငံသို့ ပြန်လာနိုင်ပြီး ကြိုဆိုပါတယ်။ ဒါပေမယ့် လူသတ်မှု၊ မုဒိမ်းမှုတို့အပါအဝင် ပြစ်မှုကြီး ကျူးလွန်သူတွေကို တရားဥပဒေအရ အရေးယူမည်ဖြစ်ပြီး ကျန်တဲ့သူတွေကို အထူးသက်ညှာစွာ ဖြေလျှော့မှုတွေ ဆောင်ရွက်ပေးသွားမယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ အုပ်ချုပ်ရေးနဲ့ တည်ငြိမ်ရေးတိုးတက်မှုတွေ ရှိလာပြီဖြစ်တဲ့အတွက် အမေရိကန်အစိုးရက မြန်မာအတွက် ယာယီအကာအကွယ်ပေးထားတဲ့ ခိုလှုံခွင့် (TPS) ကို ရပ်စဲကြောင်း မနေ့က နိုဝင်ဘာလ ၂၅ ရက်မှာ ထုတ်ပြန်ပါတယ်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက TPS ရပ်ဆိုင်းတဲ့ အကြောင်းရင်းက မြန်မာနိုင်ငံရဲ့ အခြေအနေ တိုးတက်မှုရှိလာတယ်ဆိုတာကို ပြောဆိုထားတာ တွေ့ရပါတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ၎င်းက မြန်မာနိုင်ငံအစိုးရအနေနဲ့ အမေရိကန်အစိုးရရဲ့ အဲဒီထုတ်ပြန်ချက်ဟာ အပြုသဘောဆောင်တဲ့ ထုတ်ပြန်ချက်ဖြစ်တယ်လို့ မှတ်ယူပါတယ်လို့ ဆိုပါတယ်။

အမေရိကန်နိုင်ငံမှာ ယာယီခိုလှုံခွင့်နဲ့ နေထိုင်ခွင့်ပေးထားတဲ့မြန်မာနိုင်ငံသား ၄,၀၀၀ နီးပါးခန့်ရှိတယ်လို့ အမေရိကန်အစိုးရရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အမေရိကန်အစိုးရရဲ့ TPS ရပ်ဆိုင်းမှု အပေါ်မှာ နိုင်ငံတကာလူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW)၊ အမေရိကန်ရောက် မြန်မာအသိုင်းအဝိုင်းနဲ့ လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူတွေ ပြင်းပြင်းထန်ထန် ကန့်ကွက်ထားပါတယ်။

သတင်း-ကိုခူမီး

ဓာတ်ပုံ – လူမှုကွန်ရက်

#TPS #အမေရိကန်နိုင်ငံ#ဗိုလ်ချုပ်ဇော်မင်းထွန်

#ယာယီခိုလှုံခွင့် #Zalen

နောက်ဆုံးရသတင်းများ

၂၀၂၀ မဲစာရင်းရလဒ်မှန်ကန်မှုမရှိဘူးလို့ဆိုတဲ့ အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲ စာရွက်စာတမ်းများကို မီးရှို့ဖျက်ဆီး

ဖေဖော်ဝါရီ ၇ ၊ ၂၀၂၆။ Zalen အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ ၂၀၂၀ ခုနှစ်တုန်းကအသုံးပြုခဲ့တဲ့ ရွေးကောက်ပွဲစာရွက်စာတမ်းများကို ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ကာလကျော်လွန်ပြီလို့ဆိုကာ ၂၀၂၀ ...

ဆက်ဖတ်ရန်