စစ်တပ် စီးပွါးရေးနှင့်ဝါဒဖြန့်ချီရေး အကောင့် ၂၇၀ Facebook က ဖယ်ရှား

Facebook က မြန်မာစစ်တပ်နဲ့ ဆက်နွယ်တဲ့ စီးပွားရေးလုပ်ငန်းတွေ၊ ဝါဒဖြန့်ချိရေးအကောင့်တွေ စုစုပေါင်း ၂၇၀ ခုကို ဖယ်ရှားလိုက်တယ်လို့ Justice for Myanmar က ထုတ်ပြန်ပါတယ်။

ဖယ်ရှားခံရတဲ့ အကောင့်တွေထဲမှာ Facebook စာမျက်နှာတွေ၊ ဂရုတွေ၊ ပရိုဖိုင်းအကောင့်တွေ ပါဝင်ပြီး၊ ဒီလုပ်ဆောင်ချက်ဟာ Meta က ၂၀၂၁ ခုနှစ်ကတည်းက ချမှတ်ထားတဲ့ စစ်တပ်ထိန်းချုပ် စီးပွားရေးလုပ်ငန်းများနဲ့ မီဒီယာတွေကို ပိတ်ပင်တဲ့ မူဝါဒနဲ့ ကိုက်ညီအောင် ဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။

အကောင့်အများစုဟာ စစ်တပ်ပိုင် တယ်လီကွန်းကုမ္ပဏီဖြစ်တဲ့ မိုင်တဲလ်ရဲ့ ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေကို ရောင်းချနေတဲ့ အကောင့်တွေ ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နဲ့ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) တို့ရဲ့ ကုမ္ပဏီခွဲတွေ၊ အမှတ်တံဆိပ်တွေနဲ့ ဆက်စပ်နေတဲ့ အကောင့်တွေကိုလည်း ဖယ်ရှားခဲ့ပါတယ်။

Zalen ad

အဲဒီထဲမှာ MECtel၊ အင်းဝဘဏ်၊ မြဝတီဘဏ်၊ ဆင်မင်းဘိလပ်မြေ၊ မြန်မာဘီယာ၊ ဒဂုန်ဘီယာ၊ နန်းမြိုင်ကဖီး၊ Indoor Skydiving တို့နဲ့ ဆက်နွယ်တဲ့ အကောင့်တွေပါ ပါဝင်ပါတယ်။

ဒါ့အပြင် စစ်တပ်ရဲ့ ဝါဒဖြန့်ချိရေးအကောင့်တွေဖြစ်တဲ့ a Light for Justice 3, News Service Station, Myanmar Information Community တို့ကိုလည်း Facebook က ဖယ်ရှားလိုက်ပါတယ်။

ဒီအကောင့်တွေဟာ စစ်တပ်က စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ပြစ်ဒဏ်မခံရဘဲ ဆက်လက်လုပ်ဆောင်နိုင်အောင် ပံ့ပိုးကူညီခဲ့တဲ့ အကောင့်တွေဖြစ်တယ်လို့ Justice For Myanmar က ပြောပါတယ်။

Justice For Myanmar အနေနဲ့ မကြာသေးခင်ရက်ပိုင်းအတွင်း စစ်တပ်နဲ့ ဆက်စပ်တဲ့ အကောင့်တွေကို Facebook ထံ တိုင်ကြားခဲ့တာဖြစ်ပြီး၊ သတင်းအချက်အလက် မျှဝေပေးခဲ့သူအားလုံးကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားထားပါတယ်။

ဒါ့အပြင် Alphabet၊ Apple၊ TikTok နဲ့ Telegram တို့ကိုလည်း မြန်မာစစ်တပ်နဲ့ ဆက်နွယ်တဲ့ စီးပွားရေးလုပ်ငန်းများ၊ ဝါဒဖြန့်ချိရေးအကောင့်တွေကို ချက်ချင်း ပိတ်ပင်ဖို့ တောင်းဆိုထားပါတယ်။

သတင်း-Mary
ဓာတ်ပုံ-Justice For Myanmar

စစ်တပ်#အကောင့်#ဖယ်ရှားခံရ#Zalen

နောက်ဆုံးရသတင်းများ

အမေရိကန်တွင် မာစတာဘွဲ့တက်ရောက်ရန် Fulbright ပညာသင်ဆု လျှောက်လွှာများ စတင်ခေါ်ယူ

မတ် ၁၈၊ ၂၀၂၆Zalen အမေရိကန်မှာ မာစတာဘွဲ့ (Master’s Degree) တက်ရောက်လိုတဲ့ မြန်မာကျောင်းသားတွေအတွက် Fulbright Foreign Student Program (2027-2028) ပညာသင်ဆု လျှောက်လွှာတွေကို အမေရိကန်သံရုံးက စတင်ခေါ်ယူနေပြီ ဖြစ်ပါတယ်။ ဒီပညာသင်ဆုဟာ ...

ဆက်ဖတ်ရန်