တမူးနယ်မှာ ကျေးရွာကို စွန့်ခွာနေတဲ့ ဒေသခံရွာသားများကို ပြန်လာဖို့ စစ်ကောင်စီက ခြိမ်းခြောက်ခေါ်ယူ

ဖေဖော်ဝါရီ  ၃၊  ၂၀၂၆။

Zalen

Zalen ad

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်မှာ စစ်ရေးအခြေနေကြောင့် ကျေးရွာကိုစွန့်ခွာနေတဲ့ ဒေသခံများကို စစ်ကောင်စီက ကျေးရွာထဲ ပြန်လာနေဖို့ ခြိမ်းခြောက်ခေါ်ယူနေတယ်လို့ ဒေသခံများထံက သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက တမူးမြို့နယ်အထက်ပိုင်း ကွန်းတောင်းကျေးရွာမှာ တပ်ဆွဲထားတဲ့ စစ်ကောင်စီတပ်က ကျေးရွာကိုစွန့်ခွာနေတဲ့ ဒေသခံရွာသားများကို ဇန်နဝါရီလ အတွင်းပြန်လာနေဖို့ ခြိမ်းခြောက်ခေါ်ယူနေတာ ဖြစ်ပါတယ်။

” အများစုက အခင်းမှာဘဲ အခြေချကြတော့တာ။ ရွာမှာ မနေရဲကြဘူး။ ရွာမှာမနေတာလည်းကြာပြီ။ အရင်နှစ် ၂၀၂၃ ခုနှစ်က ရွာအနီးမှာ တိုက်ပွဲခဏခဏ ဖြစ်တော့ အခင်းမှာဘဲအခြေချနေကြရတာ။ သူတို့ကတော့ ပြန်လာနေရမယ် အိမ်ဝင်းတွေလည်း သန့်ရှင်းရေးလုပ်ရမယ်ပေါ့။ ဒါပေမယ့် သူတို့က နေရာတကာ မိုင်းထောင်ထားတော့ အိမ်ဝင်းသန့်ရှင်းရေး လုပ်ဖို့က မလုပ်ရဲကြဘူးဗျ။ သူတို့ကတော့ ပြန်လာမနေရင် အိမ်ပါမီးရှို့ပစ်မယ်လို့ ခြိမ်းခြောက်ခါ်နေတာ” လို့ ဒေသခံတဦးက Zalen ကိုပြောပါတယ်။

ကွန်းတောင်းကျေးရွာနေဒေသခံအချို့ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာ ကျေးရွာ အနီးတဝိုက်မှာ မကြာခဏတိုက်ပွဲပြင်းထန်နေတာကြောင့် ရွာထဲမှာမနေရဲကြတော့ဘဲ ဘေးလွတ်ရာ လယ်ယာနဲ့ စိုက်ခင်းတွေမှာ လုပ်ငန်းလုပ်ကိုင် အခြေချနေထိုင်ကြတာ ဖြစ်ပါတယ်။

” အရင်စစ်ဗိုလ်တုန်းက ဘာမှမပြောဘူးဗျ။ အခုအသစ်ပြောင်းလာတဲ့ စစ်ဗိုလ်ကျမှ ဒီလိုခြိမ်းခြောက်လာတာ။ အခုလယ်ယာ၊ စိုက်ခင်းတဲတွေမှာ နေသားကျတော့ ပြန်ရွေ့ဖို့ကလည်းမလွယ်ဘူးဗျ” လို့ နောက်ထပ် ဒေသခံတဦး က ပြောပါတယ်။

အခုလို ကွန်းတောင်းကျေးရွာမှာ အခြေချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ရွာထဲပြန်လာနေဖို့ ခြိမ်းခြောက်ခေါ်ယူနေတာကြောင့် ဒေသခံများ အခက်တွေ့နေကြတာ ဖြစ်ပါတယ်။

ကွန်းတောင်းကျေးရွာဟာ အိမ်ခြေ ၂၀၀ ဝန်းကျင်နေထိုင်ကြတာဖြစ်ပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ဒေသခံကျေးရွာသားများဟာ စစ်ရေးအခြေအနေကြောင့် အများစုမှာ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင် နေကြတာဖြစ်ပါတယ်။

တမူးမြို့နယ်၊ ကွန်းတောင်းကျေးရွာဟာ တမူးမြို့ကနေ ၈မိုင်ခန့်ကွာဝေးနေတာဖြစ်ပြီး စစ်ကောင်စီတပ်များ အခြေချတပ်ဆွဲထားတဲ့ ကျေးရွာတခုလည်း ဖြစ်ပါတယ်။

သတင်း – တမူးနွေဦး

ပုံစာ – စစ်ကောင်စီတပ်များတပ်ဆွဲထားတဲ့ အနီးက ဘိုးဘိုးကြီးနတ်နန်းအားတွေ့ရစဉ်။

ဓာတ်ပုံ – လူမှုကွန်ယက်

#တမူး#စစ်ကောင်စီ#နေရပ်စွန့်ခွာ#ခြိမ်းခြောက်#Zalen

နောက်ဆုံးရသတင်းများ

အမေရိကန်တွင် မာစတာဘွဲ့တက်ရောက်ရန် Fulbright ပညာသင်ဆု လျှောက်လွှာများ စတင်ခေါ်ယူ

မတ် ၁၈၊ ၂၀၂၆Zalen အမေရိကန်မှာ မာစတာဘွဲ့ (Master’s Degree) တက်ရောက်လိုတဲ့ မြန်မာကျောင်းသားတွေအတွက် Fulbright Foreign Student Program (2027-2028) ပညာသင်ဆု လျှောက်လွှာတွေကို အမေရိကန်သံရုံးက စတင်ခေါ်ယူနေပြီ ဖြစ်ပါတယ်။ ဒီပညာသင်ဆုဟာ ...

ဆက်ဖတ်ရန်