သမ္မတနဲ့ ဒုသမ္မတတတွေ ရွေးချယ်တင်မြှောက်မည့် အစုအဖွဲ့အစည်းအဝေးကို မတ်လ ၃၀ ရက်မှာ စတင်မည်

မတ် ၂၀၊ ၂၀၂၆

Zalen

Zalen ad

နိုင်ငံတော်ရဲ့ အမြင့်ဆုံးရာထူးတွေဖြစ်တဲ့ သမ္မတနဲ့ ဒုတိယသမ္မတ တွေ ရွေးချယ်တင်မြှောက်နိုင်ရေးအတွက် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့အလိုက် အစည်းအဝေးတွေကို လာမည့် မတ်လ ၃၀ ရက်မှာ စတင်ကျင်းပတော့မည် ဖြစ်ပါတယ်။

ယနေ့ မတ်လ ၂၀ ရက်နေ့မှာ ပြုလုပ်တဲ့ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်၊ ပထမပုံမှန်အစည်းအဝေး ပထမနေ့မှာ ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေးက တရားဝင် အသိပေးကြေညာခဲ့တာ ဖြစ်ပါတယ်။

ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့နဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေအစုအဖွဲ့ဟူ၍ သီးခြားစီ အစည်းအဝေးပြုလုပ်ပြီး

ဒု-တိယသမ္မတလောင်း တဦးစီကို ဦးစွာရွေးချယ်ရမည်ဖြစ်ပါတယ်။

ရွေးချယ်ရရှိလာတဲ့ ဒုတိယသမ္မတလောင်း အမည်စာရင်းကို ပြည်ထောင်စုလွှတ်တော်နာယကထံ တင်ပြရမည် ဖြစ်ပြီး၊ သတ်မှတ်ထားတဲ့ သမ္မတအရည်အချင်းနဲ့ ပြည့်စုံမှု ရှိ၊ မရှိကို ဆက်လက်စိစစ်သွားမည်ဖြစ်ပါတယ်။

အရည်အချင်းစစ်ဆေးပြီးပါက ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်မှုတွေပြုလုပ်၍ မဲအများဆုံးရရှိသူကို နိုင်ငံတော်သမ္မတအဖြစ်လည်းကောင်း၊ ကျန်နှစ်ဦးကို ဒုတိယသမ္မတအဖြစ်လည်းကောင်း အတည်ပြု ခန့်အပ် သွားမည်ဖြစ်ပါတယ်။

သတင်း-ဆလိုင်း

ဓာတ်ပုံ-လူမှုကွန်ယက်

#သမ္မတ#ဒုတိယသမ္မတ #ရွေးချယ်#Zalen

နောက်ဆုံးရသတင်းများ

တွန်းဇံမြို့နယ် ပြန်လည်ပတ်နိုင်ရေး ဇိုမီးပါတီနဲ့ ရပ်မိရပ်ဖတွေ ညှိနှိုင်းဆွေးနွေး

မေ ၂၅၊ ၂၀၂၆Zalen စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ တွန်းဇံမြို့ရှိ အစိုးရရုံးတွေ စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေအားလုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းစဉ်တွေကို ဆောင်ရွက်လျက်နေတယ်လို့ ဇိုမီးအမျိုးသားပါတီ (ZNP) က ထုတ်ပြန်ပါတယ်။ လက်ရှိ တွန်းဇံမြို့နယ်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်အဖြစ် ...

ဆက်ဖတ်ရန်