မတူပီမြို့မှာ စစ်တပ်က ညမထွက်ရအမိန့်ထုတ်

မတူပီမြို့မှာ စစ်တပ်က ညမထွက်ရအမိန့်ထုတ်

ချင်းပြည်နယ် မတူပီမြို့ပေါ်မှာ ဒီနေ့ညကစပြီ စစ်တပ်က ညမထွက်ရအမိန့်ထုတ်ထားကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ကဖော်ပြထားပါတယ်။

မတူပီမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတိုးတိုးထွန်းက ငလိုင်ရွာ၊ ဖနိုင်ရွာနဲ့ မတူပီမြို့ပေါ် (၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့အား ဖေဖော်ဝါရီလ(၆)ရက်တွင် အစည်းအဝေးခေါ်ယူကာ စစ်ဗျူဟာ(၂)မှ ဗျူဟာမှူးက ညနေ(၅)နာရီကနေ မနက်(၇)နာရီထိ ညအပြင်မထွက်ရန်ပြောကြားခိုင်းတယ်လို့ဆိုပါတယ်။

မတူပီမြို့ မင်းတပ်လမ်းခွဲ စံဘောင်လမ်းစုံမှာ ယနေ့ညနေပိုင်းကစပြီး စစ်သားအချို့ကင်းစောင့်ကြပါတယ်။ ဖေဖော်ဝါရီ(၃)ရက်ကလည်း ပြည်မဘက်ကနေ စစ်ကား အစီးရေ(၅၀)ကျော် မတူပီမြို့သို့ရောက်လာကြပြီး နောက်နေ့တွင်လည်း စစ်ရဟတ်ယဉ်(၄)စီးကနေ့စဉ် မတူပီမြို့သို့လာရောက်ပါတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

၂၀၂၀ မဲစာရင်းရလဒ်မှန်ကန်မှုမရှိဘူးလို့ဆိုတဲ့ အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲ စာရွက်စာတမ်းများကို မီးရှို့ဖျက်ဆီး

ဖေဖော်ဝါရီ ၇ ၊ ၂၀၂၆။ Zalen အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ ၂၀၂၀ ခုနှစ်တုန်းကအသုံးပြုခဲ့တဲ့ ရွေးကောက်ပွဲစာရွက်စာတမ်းများကို ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ကာလကျော်လွန်ပြီလို့ဆိုကာ ၂၀၂၀ ...

ဆက်ဖတ်ရန်