ဧပြီ ၆၊ ၂၀၂၆
Zalen
ချင်းအမျိုးသား စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်တဲ့ Pa Do Khan Tuang က ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပတဲ့ ၁၃ ကြိမ်မြောက် Asian Business Forum မှာ အာဆီယံဒေသတွင်း ထူးချွန်ဆု နှစ်ဆုကို တစ်ပြိုင်နက်တည်း ဆွတ်ခူးရရှိသွားပါတယ်။
ဒါဟာ ချင်းပြည်နယ်အခြေစိုက် လုပ်ငန်းရှင်တစ်ဦးအနေနဲ့ အာဆီယံအဆင့် စီးပွားရေးထူးချွန်ဆုတွေကို ပထမဆုံးအကြိမ် ရရှိခဲ့တာလည်း ဖြစ်ပါတယ်။
သူရရှိခဲ့တဲ့ ဆုတွေကတော့ ASEAN Outstanding Visionary Leader of the Year 2026 (အာဆီယံအဆင့် ထူးချွန်အမြော်အမြင်ရှိတဲ့ ခေါင်းဆောင်ဆု) နဲ့ ASEAN Outstanding Business Leader Award 2026 (အာဆီယံအဆင့် ထူးချွန်စီးပွားရေးခေါင်းဆောင်ဆု) တို့ပဲ ဖြစ်ပါတယ်။

Pa Do Khan Tuang ဟာ အသက် ၄၀ အရွယ်ရှိပြီဖြစ်ပြီး ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ဇံသွီး (Zaangtui) ကျေးရွာဇာတိ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ကလေးမြို့မှာ အခြေစိုက်ပြီး ပညာရေး၊ မီဒီယာနဲ့ လူမှုကူညီရေးလုပ်ငန်းတွေကို ဘက်စုံကဏ္ဍကနေ တစိုက်မတ်မတ် ကြိုးစားဆောင်ရွက်နေသူတစ်ဦးပါ။
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ကျောင်းသား ၅၀၀ ကျော် ပညာသင်ကြားနေတဲ့ Bridge International School (BIS) ကို တည်ထောင်ထားပါတယ်။
Helping Hand Organization (HHO) ကနေတစ်ဆင့် ချင်းပြည်နယ်က ဝေးလံခေါင်ဖျားတဲ့ ဒေသတွေမှာ လူမှုကူညီရေးနဲ့ အသိပညာပေးလုပ်ငန်းတွေကို ကိုယ်တိုင်ဦးဆောင်ပေးနေပါတယ်။
ဒါအပြင် ZTV (Zomi Post Media) ကို တည်ထောင်ခဲ့သလို၊ စီးပွားရေးမှာလည်း Lennupa Co., Ltd. ရဲ့ ပိုင်ရှင်အဖြစ် လုပ်ငန်းတွေကို ဦးဆောင်နေတာ ဖြစ်ပါတယ်။
Mary




















